ရှေးကဗျာဆရာတွေ အတိုင်း အတုယူ ရေးသားနိုင်မယ့် Google AI

Google ရဲ့ စမ်းသပ် Verse by Verse ကတော့ ကဗျာဖန်တီးနိုင်တဲ့ AI tool ဖြစ်ပါတယ်။ အဲဒီ tool ကိုအသုံးပြုပြီး ရှေးကဗျာဆရာတွေ ဖြစ်တဲ့ ဝါ့ဝေါဒိုအီမာဆင်၊ ရောဘတ်ဖရော့၊ အမ်မလီဒစ်ကင်ဆင်နဲ့ ပေါလောရန့်ဒန်ဗာတို့ စတိုင်မျိုး ကဗျာရေးသားနိုင်ပါမယ်။

Verse by Verse AI အတွက် Google က ကဗျာဆရာတစ်ဦးချင်းစီရဲ့ ရေးဟန် အကြံပြုချက်ထောက်ပံ့ထားတဲ့ AI စနစ်ကို လေ့ကျင့်ပေးထားပါတယ်။ အသုံးပြုသူကိုယ်တိုင်က ကိုယ်ပိုင် ကဗျာရေးသားတဲ့အချိန် ကဗျာဈာန်ဝင်စားနိုင်ပါတယ်။

Verse by Verse ကတော့ ကဗျာဆရာ‌ တွေရဲ့ လိုင်းတွေကို ပြန်လည် ဖန်တီးတာ မဟုတ်ဘဲ မူရင်းအရေးအသားတစ်ခု ဖြစ်ဖို့ အကြံပေးသွားမယ်လို့ Google ကပြောခဲ့ပါတယ်။ AI ကို ရှေးဟောင်းကဗျာတွေ များစွာနဲ့ လေ့ကျင့်ထားတဲ့အတွက် တစ်လိုင်းပြီးနောက် ဘာရေးသားမလဲ ဆိုတာကို ခန့်မှန်းပေးပါမယ်။

AI ရဲ့ဖန်တီးမှုဖြစ်စဉ်အပေါ် အဆင့်မြှင့်တင်မှုကို ပြသလိုတာကြောင့် အခုစမ်းသပ်မှုကို ပြုလုပ်ခဲ့တာလို့ Google ကပြောခဲ့တယ်။ Verse by Verse ကို ဒီလင့်မှာ သွားရောက်စမ်းသပ်နိုင်ပါတယ်။

စိုးထက်
Ref: AndroidAuthority

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««