ရှေ့ကင်မရာကို ဖုန်းဘေးဘက်မှာ ထည့်သွင်းထားတဲ့ Lenovo Legion

Lenovo ဟာ ကုမ္ပဏီရဲ့ ပထမဆုံး gaming ဖုန်း Legion Phone Duel ကိုမိတ်ဆက်လိုက်ပါတယ်။ ဖုန်းရဲ့ဘေးဘက်မှာ pop-up selfie ကင်မရာ ပါဝင်လာပါတယ်။ နာမည်ကျော်ဂိမ်းတော်တော်များများကို landscape mode နဲ့ကစားနိုင်ပါတယ်။

ဖုန်းရဲ့ pop-up ကင်မရာကတော့ 20-megapixel sensor f/2.2 aperture နဲ့ ၈၁.၇ဒီဂရီ field of view တို့ ပါဝင်လာပါတယ်။ Legion Phone Duel မှာ Snapdragon 865 Plus ပရိုဆက်ဆာ၊ 12GB LPDDR5 RAM နဲ့ 512GB UFS 3.1 storage တို့ ပါဝင်လာပါတယ်။ Lenovo Legion Phone Duel က 5G အသင့်သုံးနိုင်တဲ့ ဖုန်းဖြစ်ပါတယ်။ Lenovo က ဂိမ်းကစားတဲ့ အတွေ့အကြုံအတွက် တုန်ခါမော်တာ ၂ ခုကို ထည့်သွင်းပေးပါတယ်။

Asus ROG Phone II လိုပဲ Legion Phone Duel မှာ USB-C port နှစ်ခု ပါဝင်လာပါတယ်။ ဖုန်းအတွင်းမှာ 2,500mAh ဘက်ထရီ ၂ ခု ထည့်သွင်းထားပြီး USB-C ကြိုးကို port နှစ်ခုစလုံးမှာ တပ်ကာ နာရီဝက်အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။ Lenovo က Legion Phone Duel ကို အမေရိကန်မှာ မဖြန့်ပေမယ့် ဇူလိုင်လအတွင်း တရုတ်မှာ ရောင်းချပါမယ်။ အာရှ၊ လက်တင်အမေရိကနဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကဒေသတွေက ဈေးကွက်တချို့မှာလည်း ရောင်းချပါမယ်။

-စိုးထက်
Ref: TheVerge