ရွှေ ၁၈ ကာရတ်နဲ့ ဖန်တီးထားတဲ့ Caviar AirPods Pro Gold Edition

ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်တဲ့ Caviar က နောက်ဆုံးဖန်တီးမှု တစ်ခုအဖြစ် ရွှေ ၁၈ ကာရတ်နဲ့ ဖန်တီးထားတဲ့ AirPods Pro ကိုဖန်တီးလိုက်ပါတယ်။

Caviar ဟာ AirPods Pro နားကြပ်အပြင် အားသွင်းတဲ့ case ကိုပါ ရွှေနဲ့ ပြုလုပ်ထားပါတယ်။

Caviar ကထုတ်တဲ့ AirPods Pro ဟာ ရွှေနဲ့ဖန်တီးထားတဲ့အတွက် မူလထုတ်ကုန်ထက် ပိုမိုလေးလံပါတယ်။ Caviar AirPods Pro Gold Edition ကအလွန်ဈေးနှုန်းမြင့်မားပြီး ဒေါ်လာ ၆၇,၇၉၀ အထိ ကျသင့်ပါမယ်။ ဒါ့အပြင် Caviar က ပိုင်သွန်သားရေနဲ့ Caviar ရွှေလိုဂိုပါဝင်တဲ့ AirPods Pro ကိုထုတ်လုပ်ထားပါသေးတယ်။ အဲဒီထုတ်ကုန်ကတော့ ဒေါ်လာ ၁,၅၅၀ ကျသင့်ပါမယ်။

စိုးထက်
Ref: GSMArena