ရွေးကောက်ပွဲအပြီး သတင်းတွေ ပိုမိုပြသပေးဖို့ News Feed ကို Facebook ပြောင်းလဲ

Facebook ဟာ အမေရိကန် ရွေးကောက်ပွဲအပြီး ရက်အတော်ကြာမှာ ရွေးကောက်ပွဲရလဒ်နဲ့ ဆက်စပ်နေတဲ့ သတင်းမှားနဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲရလဒ်အပေါ် ငြင်းဆိုမှုကို တင်းကျပ်စွာ ကိုင်ခဲ့ပါတယ်။

အခုဆိုရင် Facebook က အရေးကြီးတဲ့ သတင်းဌာနတွေ အကူအညီနဲ့ News Feed algorithm ယာယီအပြောင်းအလဲ လုပ်ခဲ့တယ်လို့ New York Times ကဖော်ပြခဲ့ပါတယ်။

Facebook ဟာ သတင်းအရည်အသွေး ရမှတ်ကောင်းစေဖို့ News Feed အလေးချိန်ပမာဏကို အထူး အပြောင်းအလဲ လုပ်ထားပါတယ်။ အင်တာနက်မက်ထရစ် တစ်ခုနဲ့ သတင်းအရည်အသွေး၊ ယုံကြည်စိတ်ရချမှု ရှိ၊ မရှိ တိုင်းတာပေးပါတယ်။ အဲဒီ နည်းလမ်းကြောင့် Facebook သုံးစွဲသူတွေက The New York Times, CNN နဲ့ NPR လိုမျိုး သတင်းဌာနက သတင်းတွေ ပိုမိုမြင်ရပေမယ့် ဘက်လိုက်တဲ့ ပြောက်ကျားသတင်းတွေကိုတော့ အတွေ့နည်းသွားပါ

မယ်။ သတင်းမှားနဲ့ လွဲမှားတဲ့အချက်အလက်တွေကိုလည်း တွေ့ရတော့မှာ မဟုတ်ပါဘူး။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««