ရွေးကောက်ပွဲသတင်းမှား ဖြန့်ချိမှုကို ထိန်းချုပ်မယ်လို့ Facebook အတည်ပြု

Facebook ဟာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းမှားပါဝင်တဲ့ post တွေကို ယာယီအဆင့်လျှော့ချတာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဖြန့်ဝေတာကို ကန့်သတ်တာတွေ လုပ်နေတယ်လို့ Facebook ကအတည်ပြုခဲ့ပါတယ်။

Facebook ကတော့ သတင်းမှားဖြန့်ချိမှုနဲ့ ဆန္ဒမဲကောက်ယူရေးနဲ့ ပတ်သက်တဲ့ ပူးပေါင်းကြံစည်ရေးသီအိုရီ ပါဝင်မှုတွေနဲ့ ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတွေမှာ အရေးပေါ်ထိန်းချုပ်မှုတွေ ပြုလုပ်နေပါတယ်။

“ဆန္ဒမဲ ဆက်လက်ရေတွက်နေချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ ပြောကြားချက်သတင်းတွေ မြင်တွေ့နေရပါတယ်။ အဲဒီပြောကြားချက် တော်တော်များများက ကျွန်တော်တို့ ပလက်ဖောင်းပေါ်မှာ တုံ့ပြန်မှု နည်းပါတယ်။ အရင်က ဆွေးနွေးထားသလို အဲဒီ content တွေ လူတော်တော်များများဆီ မရောက်စေဖို့ ကျွန်တော်တို့က ယာယီထပ်ဆောင်း နည်းလမ်းတွေ အသုံးပြုထားပါတယ်” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

-စိုးထက်
Ref: Axios

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««