ရွေးကောက်ပွဲမတိုင်မီ မဲပေးသူတွေကို လှည့်စားတဲ့ post တွေကို ဖျက်ပစ်မယ့် Facebook

Facebook ဟာ အမေရိကန်ရွေးကောက်ပွဲအတွင်း မဲပေးသူတွေကို လှည့်စားမယ့် post တွေကို ဖြုတ်ချမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ content တွေထဲမှာ အခွင့်အာဏာမရှိတဲ့ မဲပေးမှု ကြည့်ရှုဖို့ လူတွေအားပေးတဲ့ post တွေကိုလည်း ဖြုတ်ချသွားပါမယ်။ Facebook ဟာ နိုဝင်ဘာလအတွင်း မဲပေးမှုအပြီး label နဲ့ သတိပေးချက်တွေက တစ်ဆင့် ရွေးကောက်ပွဲရလဒ် အတိအကျကို သုံးစွဲသူတွေဆီ တိုက်ရိုက် အသိပေးပါမယ်။

Facebook အပါအဝင် လူမှုရေးမီဒီယာတွေဟာ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအတွင်း အမေရိကန်တွေအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်ဖို့ ရုရှားက platform တွေကို အလွဲသုံးစားလုပ်တာကို မဟန့်တားနိုင်ဘူးလို့ လူတွေက ဝေဖန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Facebook က အမေရိကန်ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေကို ပြုလုပ်လာပြီး မဲပေးသူအချက်အလက် အွန်လိုင်း hub ဖန်တီးတာ၊ account အတု ဖယ်ရှားတာနဲ့ အယူလွဲနိုင်တဲ့ post တွေအပေါ် သတိပေးချက်ထည့်သွင်းတာတွေ လုပ်လာပါတယ်။

နိုင်ငံရေးသမားတွေ၊ အောင်မြင်ကျော်ကြားသူနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ သတင်းတု တိုက်ဖျက်ဖို့ Facebook ပိုမို လုပ်ဆောင်သင့်တယ်လို့ ဆက်ဝေဖန်နေကြပါတယ်။ Facebook ဟာ နိုင်ငံရေးသမားတွေရဲ့ အချက်အလက်ကိုတော့ အချက်အလက်စစ်သူတွေဆီ မပို့တဲ့ ပေါ်လစီကြောင့်လည်း မီးပွားလေးတစ်ခု ဖြစ်လာအုံးပါမယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««