ရှယ်ဂိမ်း ပေါ်တယ်ဝန်ဆောင်မှုကို မိတ်ဆက်

[ Zawgyi ]




-အောင်သူ

[ Unicode ]

မြန်မာနိုင်ငံမှ ဂိမ်းကစားသူတွေအတွက် HTML 5 (web portal ကို အခြေခံထား) ကို အသုံးပြုထားတဲ့ အွန်လိုင်းဂိမ်းတွေကို တစ်နေရာတည်းမှာ အသုံးပြုနိုင်မယ့် ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင်မှုကို MPT မှ မိတ်ဆက်လိုက်ပါတယ်။

အဆိုပါဝန်ဆောင်မှုကို MPT နဲ့ eTrade Myanmar Co., Ltd တို့က နိုင်ငံတကာ မိုဘိုင်းဂိမ်းတီထွင်ဖန်တီးတဲ့ ပညာရှင်တွေနဲ့အတူ အကျိုးတူ ပူးပေါင်းစီစဉ်ဖန်တီးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင်မှုမှာ HTML 5 (web portal ကို အခြေခံထားပြီး) အသုံးပြုထားတဲ့ အရည်အသွေးမြင့် ဂိမ်းပေါင်း (၃၀၀) ကျော်ပါရှိပြီး စိတ်ဝင်စားဖွယ်ရာ ဂိမ်းအသစ်ပေါင်း များစွာကိုလည်း လစဉ်ပုံမှန် ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

MPT အသုံးပြုသူတွေ အနေနဲ့ ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင်မှုကို တစ်ရက်လျှင် ၁၄၉ ကျပ်နှုန်း နဲ့ အလွယ်တကူရယူ အသုံးပြုနိုင်မှာဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို www.shalgame.com , https://lotaya.mpt.com.mm/landing/shal_game အပြင် 8636 သို့“ON” ဟု စာတို (SMS) ပေးပို့၍လည်း ရယူနိုင်မယ်လို့ သိရပါတယ်။