ရေအောက် ၈ မီတာအထိ ယူဆောင်ရိုက်ကူးနိုင်မယ့် LUMIX DMC-FT30

ရေစိုခံပြီး ရေအောက်ကို 8m (26ft) အထိ ရိုက်ကူးနိုင်တဲ့အပြင်၊ ပုံမှန် ကင်မရာတွေနဲ့ ရေထဲမှာ ဓာတ်ပုံရိုက်တဲ့ အခါမှာ မှိန်သွားတတ်တဲ့အနီရောင်ကိုပါ ပြန်လည်ချိန်ညှိပေးတာကြောင့် အရောင်အသွေးစိုပြည်လှပတဲ့ ရေအောက်ဓာတ်ပုံတွေကိုရရှိနိုင်မယ့် Lumix DMC-FT30 ကင်မရာဖြစ်ပါတယ်။

1/2.33-inch CCD Sensor / 16.6 Total Megapixels / Primary Color Filter တွေ ထောက်ပံ့ပေးထားပါတယ်။ ဓာတ်ပုံ အနေနဲ့ 16.1 Megapixels 10fps ရရှိမှာဖြစ်ပြီး ဗီဒီယိုအနေနဲ့ 1280 x 720 pixels, 25fps (HD: 10Mbps / MP4) ရရှိမှာဖြစ်ပါတယ်။ Zoom အနေနဲ့ အဆ 4x အထိ ဆွဲနိုင်မှာဖြစ်ပါတယ်။ 35mm မြင်ကွင်းနဲ့ဆိုရင် 25-100mm ညီမျှတာဖြစ်လို့ အနီးမှအဝေး လိုအပ်တဲ့အရာဝတ္တုကို ကောင်းမွန်စွာဆွဲယူရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Mode Dial / Mode Button အနေနဲ့ Intelligent AUTO, Normal Picture, Creative Control, Sports, Snow, Beach & Surf, Advanced Underwater စတာတွေ ပါဝင်သလို Panorama Shot, SCN တွေလည်း ထောက်ပံ့ပေးထားပါတယ်။ Creative Control mode အပြည့်အစုံ ထောက်ပံ့ပေးထားသလို ပုံကောင်းများ ရရှိစေရေးအတွက် Still Image Scene Mode များစွာလည်း ထောက်ပံ့ပေးထားပါတယ်။ တန်ဖိုးက ၂၇၆,၅၀၀ ကျပ်ဖြစ်ပြီး Lumix Myanmar ဖုန်း ၀၁ ၈၆၀ ၄၆၅၇ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ