ရေသန့်မှာယူနိုင်မည့် EzyYay Mobile Application ကို မိတ်ဆက်

ရေသန့်ကို Mobile App မှ လွယ်ကူစွာ မှာယူနိုင်မယ့် EzyYay (အီးဇီးရေ) Mobile Application ကို မိတ်ဆက်လိုက်ပါတယ်။

ရန်ကုန်မြို့မှာနေထိုင်သူတွေအနေနဲ့ အဆိုပါ application ကို အသုံးပြုကာ ရေသန့်ကို အဆင်ပြေ လွယ်ကူစွာ မှာယူနိုင်မှာဖြစ်ပြီး လက်ရှိခေတ်စားနေတဲ့ Mobile App ကနေ Order မှာယူနိုင်တဲ့ စနစ်ဖြစ်တယ်လို့ သိရပါတယ်။ ရေသန့်မှာယူခြင်း၊ ပို့ဆောင်ခြင်းလုပ်ငန်းတွေနဲ့ ကိုက်ညီတဲ့ စနစ်တွေအားလုံးကို ထည့်သွင်း ရေးဆွဲထားတာကြောင့် ရေသန့်လုပ်ငန်းရှင်တွေအနေနဲ့ EzyYay နဲ့လက်တွဲကာ Digital Trend တစ်ခုကို အကောင်းဆုံးဖော်ဆောင်နိုင်မယ်လို့ သိရပါတယ်။

” ရေသန့်လုပ်ငန်းရှင်တွေနဲ့ ကိုယ်စားလှယ်များအတွက် ပို့ဆောင်ရောင်းချမယ့် နေရာများကို အတိအကျ သတ်မှတ်ထားနိုင်ခြင်း၊ ပို့ဆောင်ရမယ့်နေရာကို တိကျစွာ လမ်းညွှန်ပေးခြင်း၊ ပို့ဆောင်ရန်အတွက် ခရီးစဉ်ကို အစီအစဉ်တကျ စီမံခန့်ခွဲနိုင်ခြင်း၊ မှာယူမှုများကို ပို့ဆောင်မှုပြီးမြောက်ခြင်း ရှိ မရှိ ရုံးမှစစ်ဆေးနိုင်ခြင်း၊ အရေးကြီးတဲ့ Report တွေကိုလည်း အချိန်မရွေး ပြန်လည်စစ်ဆေးနိုင်ခြင်း အပြင် Cash ရှင်းတဲ့အခါ အကြွေပြဿနာကို ရှင်းနိုင်ဖို့အတွက် Reward Point တွေကိုသုံးလို့ရပါတယ်။ Customer Complain တွေကိုလည်း EzyYay အဖွဲ့မှ တာဝန်ယူ ဆောင် ရွက်ပေးပါတယ်။ Customer တွေအတွက်ကတော့ ကိုယ်ရှိတဲ့နေရာကနေ အိမ်အတွက်ဖြစ်စေ၊ ရုံးအတွက်ဖြစ်စေ လှမ်းမှာပေးနိုင်တာကတော့ အားသာချက်ရှိပါတယ်။ ရေသန့်မှာဖို့အတွက်နဲ့ ဖုန်းနံပါတ်တွေသိမ်း၊ နာမည်တွေမှတ် စက်ပိတ်ထားရင်၊ ဖုန်းမကိုင်ရင် ဘယ်ကိုမှာရမှန်းမသိတဲ့ အခက်အခဲတွေတွက် စိတ်ပူစရာမလိုတော့ဘဲ EzyYay Mobile App နဲ့ လွယ်ကူစွာ မှာယူနိုင်ပါတယ် ” လို့ EzyYay Mobile Application မှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

EzyYay Application ကို Google Play Store မှာ အခမဲ့ Download ရယူနိုင်ပြီး Facebook (သို့) gmail နဲ့ Phone number အသုံးပြုပြီး အလွယ်တကူ Register လုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်အချက်လက်တွေကို ဖုန်းနံပါတ် ၀၉- ၇၆၇၆၇၉၇၆၇ နဲ့ ၀၉-၇၆၇၆၇၉၇၉၇ သို့ ဆက်သွယ်စုံစမ်းနိုင်သလို Capps Solutions Myanmar အမှတ် – ၅၆၊ ၁ ဘီ၊ လေးထောင့်ကန်လမ်း သင်္ဃန်းကျွန်းမြို့နယ်သို့လည်း ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««