ရေပန်းစား Cyberpunk 2077 ဂိမ်း save ဖိုင်ကြီးပါက ပျက်စီးနိုင်

Cyberpunk 2077 ဂိမ်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက အင်တာနက်မှာ ရှောင်မလွှဲနိုင်အောင် များပြားနေပါတယ်။ Cyberpunk 2077 ဟာ အားနည်းချက်တွေ ရှိပြီး developer CD Projekt Red ကလည်း ပြဿနာတချို့ကို ဖြေရှင်းဖို့ အရေးပေါ် ဖြေရှင်းမှု နှစ်ခု ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင်လည်း ပြဿနာတစ်ခု ပေါ်လာပြန်ပါတယ်။ Cyberpunk 2077 ရဲ့ save က သတ်မှတ်ဖိုင်ဆိုဒ်တစ်ခု ကျော်လွန်ရင် ဖိုင်ပျက်စီးသွားတယ်လို့ ကစားသူတချို့က ဆိုပါတယ်။

Cyberpunk 2077 ရဲ့ save ဖိုင်ပျက်သွားရင်တော့ ဂိမ်းကို load လုပ်တဲ့အခါ “saved data is damaged and cannot be loaded.” ဆိုတဲ့ စာသားပေါ်လာပါမယ်။ ဂိမ်း save ဖိုင်က 8MB ထက်ကျော်သွားရင် ပျက်စီးတယ်လို့ ပြောနေတာ ရှိပါတယ်။ Reddit သုံးစွဲသူတစ်ယောက်ကလည်း ဂိမ်း save ဖိုင် 8MB မှာပျက်စီးတယ်လို့ ရေးထားပါတယ်။ ဒါ့အပြင် CD Projekt Red ဖိုရမ်ထဲမှာ 8MB ထက်ကျော်တဲ့ save ဖိုင်တွေ ပျက်စီးတယ်လို့ ရေးနေကြပါတယ်။

စတူဒီယိုကတော့ လာမယ့်နှစ်မှာ Cyberpunk 2077 ဂိမ်းအတွက် patch အကြီးစား ၂ ခုကို ဖြန့်မယ်လို့ ကတိပြုထားပါတယ်။ တစ်ခုကတော့ ဇန်နဝါရီလနဲ့ နောက်တစ်ခုကတော့ ဖေဖော်ဝါရီလမှာ ထွက်ရှိပါမယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««