ရေပန်းစားတဲ့ Trend အတွက် နောက်ခံအခြေအနေ ထည့်သွင်းမယ့် Twitter

Twitter အနေနဲ့ ဝန်ဆောင်မှုပေါ်က ရေပန်းစား ခေါင်းစဉ်တွေမှာ နောက်ခံ ဆက်စပ်သတင်းတွေ ထည့်သွင်းမယ်လို့ ကြေညာခဲ့ပါတယ်။ Twitter အနေနဲ့ platform မှာ မုန်းတီးမှုနဲ့ သတင်းအမှားတွေ မဖြစ်ပေါ်စေဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

Twitter နဲ့ အခြား လူမှုရေးမီဒီယာတွေဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ တစ်လျှောက် သတင်းမှားတွေ တိုက်ဖျက်ဖို့ ရုန်းကန်နေရပြီး အပြောင်းအလဲလုပ်လာတာ ဖြစ်ပါတယ်။ Twitter ဝန်ထမ်းနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ Trending Topics ကိုပယ်ဖျက်ဆိုတဲ့ တောင်းဆိုမှုအပေါ် ဖြေရှင်းချက်တစ်ခု ထုတ်လိုက်တာ ဖြစ်ပါတယ်။

သုံးစွဲသူက Twitter မှာ ဘယ်လို ခေါင်းစဉ်က ရေပန်းစားနေတာကြည့်ဖို့ trend ဆိုတာ ထည့်သွင်းထားပါတယ်။ အဲဒီ trend ဆိုတာ Twitter ပေါ်က သတင်းအချက်အလက်တွေ ရှာဖွေလေ့လာဖို့ သုံးစွဲသူအသစ်တွေအတွက် လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီ ခေါင်းစဉ်တွေက ပထဝီတည်နေရာ ဒါမှမဟုတ် တစ်ကိုယ်ရေ စိတ်ဝင်စားမှုပေါ် မူတည်ပြီး ရွေးချယ်ပြသပေးပါတယ်။

Twitter ပေါ်က Trend ဟာ bot တွေ၊ အင်တာနက် troll တွေကနေ သတင်းမှား၊ အမုန်းစကား၊ အချက်အလက်မှားတွေ ဖြန့်ချိတဲ့ နေရာအဖြစ် မကြာခဏ အသုံးချခံခဲ့ရပါတယ်။

စိုးထက်
Ref: NYTimes

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက  တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««