ရုံတင်မယ့် ရုပ်ရှင်အားလုံးကို HBO Max မှာလည်း Warner Bros. ပြသမယ်

WarnerMedia ကတော့ နှစ်သစ် ၂၀၂၁ ခုနှစ် အတွင်း ရုံတင်မယ့် ရုပ်ရှင်အားလုံးကို HBO Max မှာလည်း တစ်ပြိုင်နက်တည်း ပြသမယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း ကန့်သတ်ချက်တချို့တော့ ရှိပါတယ်။ HBO Max မှာ ရုပ်ရှင်သစ်တွေ အားလုံးကို တစ်လတိတိ ထားရှိပါမယ်။ တစ်ချိန်တည်းမှာပဲ ရုပ်ရှင်တွေကို ရုံတင်ထားပါမယ်။ အခု အစီအစဉ်ကို တစ်နှစ်တိတိ စမ်းသပ်သွားပါမယ်။ ဒါကြောင့် HBO Max မရှိသူအနေနဲ့ ရုပ်ရှင်တွေကို ရုံမှာလည်း ကြည့်နိုင်ပါမယ်။

Warner Bros. ကဖြန့်ချိမယ့် ရုပ်ရှင်တွေထဲမှာ The Little Things, Judas and the Black Messiah, Tom & Jerry, Godzilla vs. Kong, Mortal Kombat, Those Who Wish Me Dead, The Conjuring: The Devil Made Me Do It, In The Heights, Space Jam: A New Legacy, The Suicide Squad, Reminiscence, Malignant, Dune, The Many Saints of Newark, King Richard, Cry Macho, Matrix 4 ဇာတ်ကားကောင်းတွေ များစွာ ပါဝင်လာပါတယ်။

အချိန်နှောင့်နှေးမှု အနည်းငယ်လည်း ရှိနိုင်ပါတယ်။ ရုပ်ရှင်တွေအားလုံးကို HBO Max မှာ 4K Ultra HD နဲ့ HDR ရုပ်ထွက်တွေနဲ့ ကြည့်နိုင်ပါတယ်။

စိုးထက်

Ref: TheVerge