ရုပ်သံ ကြည့်ရှုမှုနှုန်း ၂၀ ရာခိုင်နှုန်း တိုးလာ

Work-from-home နဲ့ stay-at- home အစီအစဉ်တွေကြောင့် ယခင်နှစ်ထက် ရုပ်သံ ကြည့်ရှုမှုနှုန်း ၂၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ Samsung Myanmar မှ သိရပါတယ်။

“အခုဆိုရင် ကျွန်တော်တို့အားလုံးဟာ အိမ်မှာပဲ နေပြီး အလုပ်လုပ်နေကြရတာ များပါတယ်။ နောက်ပြီး ကိုယ့် သားသမီးတွေကို အွန်လိုင်းအတန်းတွေ တက်ရောက်သင်ကြားစေပြီး ပညာရေးအတွက် ပံ့ပိုးပေးတဲ့အတွက်ကြောင့်မို့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဟာ မိသားစုတွေရဲ့ နေအိမ်တွေမှာ ပိုမို သက်သောင့်သက်သာ ဖြစ်စေဖို့ ပြီးတော့ အဆင်ပြေ လွယ်ကူစေဖို့ ပိုပြီး အရေးပါလာတာ အသေအချာပါပဲ။ အခုလို အားလုံးအိမ်မှာ ပိုပြီး နေနေကြတဲ့အချိန်မှာ ကြည့်ရှုမှု အတွေ့အကြုံတွေကို ပိုမို ကောင်းမွန်စေပြီး ဆွဲဆောင်မှုရှိစေမယ့် နောက်ပြီး စိတ်လှုပ်ရှားစရာ တီဗီနည်းပညာတွေ တီထွင်ဖန်တီးမှုအသစ်တွေကို ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီ ယူဆောင်လာပေးဖို့ ကျွန်တာ်တို့ Samsung က အမြဲရည်မှန်း လုပ်ဆောင်နေပါတယ်” လို့ Samsung Myanmar ရဲ့ Head Of Business Group ကိုဇာနည်ဝင်းထက် က ပြောပါတယ်။

Samsung ကုမ္ပဏီ ဦးဆောင်တဲ့ ကမ္ဘာ့ QLED တီဗီ ဈေးကွက်ဟာ ၂.၄၄ သန်း အထိ တိုးတက်ခဲ့ပြီး ယခင်နှစ်ထက် ၈၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ Samsung QLED တီဗီများ ၀ယ်လိုအားဟာ ယခုနှစ် ပြီးခဲ့တဲ့ လေးလပတ်တစ်လျှောက် ပုံမှန် တိုးတက်မှုနှုန်း ဖြစ်ပေါ်နေပြီး Q1 တွင် သိသိသာသာ ရောင်းအားတိုးတက်မှုကို ၁၁၀၅ ရာခိုင်နှုန်း၊ Q2 ကို ၁၇၂ ရာခိုင်နှုန်းနဲ့ Q3 ကို ၃၉၅ ရာခိုင်နှုန်း အသီးသီး တိုးတက်မှုရှိခဲ့ကြောင်း၊ လက်ရှိ ရောင်းအားတိုးတက်မှုနဲ့ အတူ Samsung သည်ယခုနှစ် ပြည်တွင်းရောင်းအား ၃၉၉ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Samsung ဟာ မကြာသေးမီက မြန်မာနိုင်ငံမှာ Smart TV များ၊ Crystal 4K UHD တီဗီများမှ တစ်ဆင့် QLED 4K နဲ့ 8K တီဗီများ အထိ ကျယ်ပြန့်တဲ့ TV Line Up တီဗီတွေကိုမိတ်ဆက်ခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««