ရုပ်ရှင်အနုပညာဖန်တီးမှုများကို စိတ်ဝင်စားသူများအတွက် အွန်လိုင်းသင်တန်းဖွင့်လှစ်မည်

ရုပ်ရှင်အနုပညာဖန်တီးမှုတွေကိုစိတ်ဝင်စားသူတွေအတွက် Filmpark Pictures ရဲ့ The Art of Storytelling, Basic Class PART-1 ကို အွန်လိုင်းကနေ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သင်တန်းမှာ Filmmaking နဲ့ပတ်သက်တဲ့ Directing, Producing, Screenwriting, Acting, Cinematography, Storyboard တို့အပြင် ဆင်ဆာမူဝါဒ အပေါ် အခြေခံတဲ့ သင်ခန်းစာ (၁၃) ခုကို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းဆရာတွေက အကယ်ဒမီဆွေဇင်ထိုက်၊ ထပ်ဆင့်အကယ်ဒမီဦးလွင်မိုး၊ Mr.Park Bo Young(Film Critic, Korea) ၊ ဒါရိုက်တာမောင်သီ ၊ ဒါရိုက်တာရောဘတ်ဝင်းထိန် အပါအဝင် Instructors (၁၁) ယောက်နဲ့ ပြည်တွင်းပြည်ပ ပညာရှင် guest speakers တွေကပါ သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းကို အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီမှာ စတင် သင်ကြားမှာဖြစ်ပြီး တစ်ရက်ကို ၂ နာရီ ကြာနဲ့ ၆ ရက်ခွဲကြာအောင် သင်ကြားမှာဖြစ်ပါတယ်။ သင်ကြားချိန်စုစုပေါင်း ၁၃ နာရီကျော် ဖြစ်ပြီး သင်တန်းကြေးက ၃၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ Facebook မှာ Private Group , Live Streaming တွေနဲ့ သင်ကြားပေးမှာဖြစ်တဲ့အပြင် ပြည်ပပညာရှင်တွေရဲ့သင်ကြားမှုကိုတော့ Pre-Recorded Video တွေနဲ့ ဘာသာပြန်စာတန်းထိုးသင်ကြားပေးမှာဖြစ်ပါတယ်။ နားမလည်ပါက comment မှာမေးနိုင်သလို Instructor တွေကလည်း မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်။

ကန့်သတ်မှုမရှိဘဲ ဝါသနာရှင်တိုင်း တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ အသေးစိတ်ကို Filmpark Pictures ဖုန်း ၀၉-၇၆၅၄၂၉၂၇၀ နဲ့ ၀၉၇၆၅၄၂၉၂၇၁ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««