ရုပ်ရှင်လက်မှတ်တွေ ကြိုတင်မှာယူပေးနိုင်တဲ့ Google Duplex

Google ဟာ ဒီနှစ်အတွင်း I/O ကွန်ဖရင့်မှာ AI ထောက်ပံ့ထားတဲ့ Duplex assistant ကိုမိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Google ဟာ Duplex ရဲ့လုပ်ဆောင်ချက်ကို တိုးမြှင့်ခဲ့ပါတယ်။ Google Duplex ဟာ သုံးစွဲသူလုပ်အား မပါဝင်ဘဲ အွန်လိုင်းမှာ ရုပ်ရှင်လက်မှတ်တွေကို မှာယူပေးမှာ ဖြစ်ပါတယ်။

သုံးစွဲသူအနေနဲ့ စာရွက်စာတမ်းတွေ ဖြည့်စရာမလိုဘဲ Duplex က အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သုံးစွဲသူက Google Duplex ကိုကြည့်ရှုမယ့် ရုပ်ရှင်အကြောင်း ပြောဆိုညွှန်ကြားနိုင်သလို ဖုန်းပေါ်က Google search ပေါ်မှာလည်း ညွှန်ကြားနိုင်ပါတယ်။

ခုံရွေးချယ်တာနဲ့ လက်မှတ်အတွက် ငွေပေးချေဖို့ Google Duplex က သုံးစွဲသူကို မေးမြန်သွားမှာ ဖြစ်ပါတယ်။ Google Duplex အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံးအတွက် အချက်အလက်ကို Chrome မှာ သိမ်းဆည်းထားတဲ့ သတင်းအချက်အလက်ကို အသုံးပြုမှာဖြစ်ပါတယ်။

Google Duplex ကို ရုပ်ရှင်ရုံနဲ့ လက်မှတ်ကိုယ်စားလှယ် ဝက်ဘ်ဆိုက် ၇၀ ကျော်မှာ အသုံးပြုနိုင်ပါတယ်။

-စိုးထက်
Ref: GSMArena