
၂၀၂၀ ရဲ့ နောက်ဆုံး blockbuster ရုပ်ရှင်တွေထဲက Wonder Woman 1984 ဟာ ဒီဇင်ဘာ ၂၅ ရက်မှာ ရုပ်ရှင်ရုံနဲ့ HBO Max မှာ တစ်ပြိုင်နက်တည်း ထွက်လာပါမယ်။
Warner Bros. ထုတ်ပြန်ချက်အရ ရုပ်ရှင်ကို တစ်လပြသမှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်မှာတော့ အပြည်ပြည်ဆိုင်ရာဈေးကွက်ထဲ ရုပ်ရှင်ရုံတွေမှာ ပြသပါမယ်။ Wonder Woman 1984 ကို တစ်လအကြာမှာ HBO Max မှာမပြသတော့ဘဲ ရုံမှာပဲ သီးသန့် ပြသပါမယ်။ နောက်ပိုင်းမှာတော့ Wonder Woman 1984 ရုပ်ရှင်ဟာ HBO Max ဆီပြန်မရောက်ခင် ပုံမှန်အတိုင်းပဲ Amazon နဲ့ iTunes တို့လိုမျိုး ဒီဂျစ်တယ်စတိုးတွေဆီ ဦးတည်သွားပါမယ်။
— Patty Jenkins (@PattyJenks) November 18, 2020
Wonder Woman 1984 ရုပ်ရှင်ကို HBO Max တွင်ကြည့်ရှုရာမှာ Mulan လိုမဟုတ်ဘဲ အပိုထပ်ဆောင်းကြေး ပေးစရာ မလိုပါဘူး။ HBO Max ဝန်ဆောင်မှု တစ်လ ၁၄.၉၉ ဒေါ်လာပဲ ပေးရပါမယ်။
Warner Bros. ဟာ ဒန်းနစ်ဗီလာနူးဗာရဲ့ Dune ဇာတ်ကားထွက်ရှိမယ့်ရက်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက် အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««