ရုပ်ရှင်မှာလိုမျိုး အရောင်ချိန်နိုင်တော့မယ့် Adobe Lightroom

Adobe ဟာ Lightroom, Lightroom Classic နဲ့ Camera Raw မှာ အဆင့်မြင့်အရောင်ချိန်နိုင်တဲ့ လုပ်ဆောင်ချက်အသစ်ပါဝင်လာပါတယ်။ ပရိုဓာတ်ပုံ app တွေမှာ ရုပ်ရှင်နဲ့ ဗီဒီယိုတည်းဖြတ်တဲ့အခါ အသုံးပြုတဲ့ tool တစ်ခုပါဝင်လာတော့ပါမယ်။

Lightroom မှာပါဝင်လာတဲ့ အရောင်ချိန်တဲ့ panel က Adobe ရဲ့ Premiere Pro video editor က Lumetri panel နဲ့ဆင်ပါတယ်။ Adobe ကတော့ အရောင်ချိန်လုပ်ဆောင်ချက်ကို ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာ မထုတ်ပြန်သေးပါဘူး။

အောက်တိုဘာ ၂၀ မှာ ပြုလပ်မယ့် Adobe Max ကွန်ဖရင့်ပွဲမှာ သတင်းအချက်အလက်သစ်တွေ ထုတ်ပြန်နိုင်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««