ရာသီဥတုပြောင်းလဲမှု သတင်းအချက်အလက်စင်တာ ကဏ္ဍကို Facebook ထည့်သွင်း

ဒီနှစ်အတွင်း Facebook ဟာ ကိုယ်ပိုင်လုပ်ငန်းတွမှာ ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှု သုညဖြစ်ဖို့ အားထုတ်နေပါတယ်။

ဒါ့အပြင် Facebook က သိပ္ပံအခြေခံသတင်းအချက်အလက်နဲ့ လူတွေကို ဆက်သွယ်ပေးဖို့ Climate Science Information Centre ကဏ္ဍကိုလည်း မိတ်ဆက်လိုက်ပါတယ်။

Facebook ဟာ COVID-19 ကပ်ရောဂါ တုံ့ပြန်ပေးမယ့်စင်တာ မိတ်ဆက်အပြီး သတင်းအချက်အလက်စင်တာအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အခုစင်တာကတော့ ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်ကို မှန်ကန်မြန်ဆန်စွာ ရရှိစေဖို့ ဖြစ်တယ်လို့ Facebook ကထုတ်ပြန်ထားပါတယ်။

လူ ၂ ဘီလျံကျော်ကို COVID-19 response နဲ့ ကျန်းမာရေးအာဏာပိုင်တွေက သတင်းရင်းမြစ်ဆီ လမ်းညွှန်ထားတယ်လို့ Facebook ကပြောခဲ့ပါတယ်။

-စိုးထက်
Ref: TechCrunch

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««