ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ပေးမယ့် ဘီယာနဲ့ အာလူးကြော်

အာလူးကြော်ထုတ်လုပ်တဲ့ ကုမ္ပဏီ Walkers ဟာ ထုတ်လုပ်ရေးလုပ်ငန်းစဉ် အတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှင့်မှုကို ၇၀ ရာခိုင်နှုန်း အထိ လျှော့ချပေးမယ့် နည်းစနစ်ကို အသုံးပြုခဲ့ပါတယ်။

အဲဒီနည်းပညာကို ဖျော်ယမကာလုပ်ငန်းက ဘီယာအချဉ်ဖောက်လုပ်ငန်းစဉ်က ဖမ်းယူထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် နည်းပညာကို အသုံးပြုပါမယ်။ နောက်ပြီးတော့ အာလူးစွန့်ပစ်ပစ္စည်းနဲ့ ပေါင်းစပ်ပြီး မြေဩဇာအဖြစ်လည်း အသုံးပြုသွားပါမယ်။ အာလူးကောက်ပြီး နောက်တစ်နှစ်မှာပဲ ယူကေက စိုက်ပျိုးမြေမှာ မြေဩဇာတွေကို ဖြန့်ကျဲသွားပါမယ်။

ပုံမှန်အရ မြေဩဇာဖန်တီးမှုက ကာဗွန်ဒိုင်အောက်ဆိုက်ဒ် အလွန်အမင်း ထွက်ပါတယ်။ Walkers အသုံးပြုတဲ့ နည်းပညာကတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် မထွက်ဘဲနဲ့ မြေဩဇာလုပ်နည်း ဖြစ်တယ်။ ဒါကြောင့် ဘီယာနဲ့ အာလူးကြော်က လုပ်ငန်း ၂ ခုစလုံး လုပ်ပေးနိုင်ပါတယ်။ ဘီယာချက်တဲ့အခါ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှင့်မှုကို ရပ်ပေးသလို မြေဩဇာထုတ်လုပ်တာကနေလည်း ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထွက်ရှိမှုကို ချွေတာပေးပါတယ်။

အခု နည်းစနစ်ကိုတော့ ဝန်ထမ်း ၁၄ ဦးရှိတဲ့ start-up ကုမ္ပဏီ CCm က ယူကေအစိုးရ ထောက်ပံ့ကြေးနဲ့ ဖန်တီးခဲ့ပါတယ်။ ဒီနှစ် အာလူးမျိုးစေ့တွေမှာ မြေဩဇာကို စမ်းသပ်သုံးစွဲခဲ့ပါတယ်။ လာမယ့်နှစ်မှာတော့ Walkers ကတော့ ၂၀၂၂ ရိတ်သိမ်းရာသီ အတွက် ပြင်ဆင်ဖို့ လက်စတာစက်ရုံမှာ CCm ကုမ္ပဏီ ကိရိယာတွေ တပ်ဆင်သွားပါမယ်။

-စိုးထက်
Ref: BBC

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««