ရပ္ထားရာကေန မုိင္ ၆၀ ႏႈန္းကို ၃.၅ စကၠန္႔အတြင္း အရိွန္တင္ႏိုင္တဲ့ Tesla Model 3

[ Zawgyi ]


Tesla ဟာ AWD dual-motor ပါဝင္တဲ့ Model 3 ကားေတြကုိ စတင္တင္ပုိ႔ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီလုိ႔ သိရပါတယ္။ ဒါေၾကာင့္ Tesla အမႈေဆာင္အရာရွိခ်ဴပ္ အီလြန္မက္စ္က ကားနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္နဲ႔ ေဈးႏႈန္းကုိ Twitter ကေန ထုတ္ျပန္သြားခဲ့ပါတယ္။

Model 3 ကားရဲ႕ စြမ္းေဆာင္ရည္က ထိပ္တန္းအဆင့္မွာရွိၿပီး လက္မ ၂၀ ရွိတဲ့ဘီး၊ ကာဗြန္ဖိုက္ဘာ spoiler နဲ႔ အျဖဴနဲ႔ အနက္ အတြင္းခန္းအျပင္ အထူးေရြးခ်ယ္ႏိုင္တဲ့ dual-mortor ပါဝင္သလို ေဒၚလာ ၇၈,၀၀၀ က်သင့္မွာ ျဖစ္ပါတယ္။ AutoPilot ထည့္သြင္းမယ္ဆိုရင္ ထပ္ေဆာင္းေငြေပးေခ်ရမွာ ျဖစ္ပါတယ္။

Tesla ရဲ႕ Model 3 ကုန္က်စရိတ္ဟာ BMW ရဲ႕ M3 နဲ႔ အတူတူေလာက္ပဲရွိပါတယ္။ ဒါ့အျပင္ Model 3 က M3 ထက္ ၁၅ ရာခုိင္ႏႈန္း ျမန္ဆန္ၿပီး ၃.၅ စကၠန္႔အတြင္း ၀ ကေန မိုင္ ၆၀ အထိ အရွိန္တင္ႏိုင္သလို အျမင့္ဆုံး ျမန္ႏႈန္း တစ္နာရီ ၁၅၅ မိုင္ႏႈန္းနဲ႔ ၃၁၀ မိုင္အကြာအေဝးအထိ ေမာင္းႏွင္ႏိုင္ပါတယ္။

တကယ္လို႔ Model 3 ကုိအဆင့္ျမႇင့္တင္ခ်င္တယ္ဆုိရင္ all-wheel-drive အတြက္ ဒုတိယေမာ္တာတစ္ခု ထည့္သြင္းဖို႔လိုၿပီး ေဒၚလာ ၅,၀၀၀ ထပ္ေဆာင္းေပးေခ်ရမွာျဖစ္ပါတယ္။

စိုးထက္
Ref: Engadget

===========

[ Unicode ]

ရပ်ထားရာကနေ မိုင် ၆၀ နှုန်းကို ၃.၅ စက္ကန့်အတွင်း အရှိန်တင်နိုင်တဲ့ Tesla Model 3

===========

Tesla ဟာ AWD dual-motor ပါဝင်တဲ့ Model 3 ကားတွေကို စတင်တင်ပို့ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဒါကြောင့် Tesla အမှုဆောင်အရာရှိချူပ် အီလွန်မက်စ်က ကားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းကို Twitter ကနေ ထုတ်ပြန်သွားခဲ့ပါတယ်။

Model 3 ကားရဲ့ စွမ်းဆောင်ရည်က ထိပ်တန်းအဆင့်မှာရှိပြီး လက်မ ၂၀ ရှိတဲ့ဘီး၊ ကာဗွန်ဖိုက်ဘာ spoiler နဲ့ အဖြူနဲ့ အနက် အတွင်းခန်းအပြင် အထူးရွေးချယ်နိုင်တဲ့ dual-mortor ပါဝင်သလို ဒေါ်လာ ရ၈,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ AutoPilot ထည့်သွင်းမယ်ဆိုရင် ထပ်ဆောင်းငွေပေးချေရမှာ ဖြစ်ပါတယ်။

Tesla ရဲ့ Model 3 ကုန်ကျစရိတ်ဟာ BMW ရဲ့ M3 နဲ့ အတူတူလောက်ပဲရှိပါတယ်။ ဒါ့အပြင် Model 3 က M3 ထက် ၁၅ ရာခိုင်နှုန်း မြန်ဆန်ပြီး ၃.၅ စက္ကန့်အတွင်း ၀ ကနေ မိုင် ၆၀ အထိ အရှိန်တင်နိုင်သလို အမြင့်ဆုံး မြန်နှုန်း တစ်နာရီ ၁၅၅ မိုင်နှုန်းနဲ့ ၃၁၀ မိုင်အကွာအဝေးအထိ မောင်းနှင်နိုင်ပါတယ်။

တကယ်လို့ Model 3 ကိုအဆင့်မြှင့်တင်ချင်တယ်ဆိုရင် all-wheel-drive အတွက် ဒုတိယမော်တာတစ်ခု ထည့်သွင်းဖို့လိုပြီး ဒေါ်လာ ၅,၀၀၀ ထပ်ဆောင်းပေးချေရမှာဖြစ်ပါတယ်။

စိုးထက်
Ref: Engadget