
MasterClass ဟာ startup ကုမ္ပဏီတစ်ခုဖြစ်ပြီး ကျော်ကြားထင်ရှားသူတွေက အွန်လိုင်းသင်ခန်းစာတွေ ပို့ချလေ့ရှိပါတယ်။ MasterClass ဟာ Series E round မှာ ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့ပါတယ်။
MasterClass ရဲ့ဘဏ္ဍာရေး ထောက်ပံ့မှု အသစ်ကြောင့် ကုမ္ပဏီတန်ဖိုး ဒေါ်လာသန်း ၈၀၀ အထိ ရှိလာတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ MastereClass ရဲ့ content ကိုကြည့်ရှုလေ့လာမယ့် သုံးစွဲသူကတော့ နှစ်စဉ်ကြေး ဒေါ်လာ ၁၈၀ ကျသင့်ပါမယ်။ ၂၀၁၈ ခုနှစ် အတွင်း ကုမ္ပဏီရဲ့ဝင်ငွေ ၈၀ ရာခိုင်နှုန်း က နှစ်စဉ်ကြေးကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဝင်ငွေ ၁၀၀ ရာခိုင်နှုန်းက နှစ်စဉ်ကြေးက ရရှိနေပါတယ်။
MasterClass definitely took the “Shen Yun Teaches Blanket Marketing” MasterClass.
— Alexia Bonatsos (@alexia) May 6, 2020
MasterClass ဟာ ဖျော်ဖြေရေးနဲ့ ပညာရေးကို ပေါင်းကူးပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ MasterClass ရဲ့သင်ခန်းစာ ၈၅ ခုကို ဘာသာရပ်အသီးသီးကျွမ်းကျင်သူတွေနဲ့ ကျော်ကြားထင်ရှားသူတွေက သင်ကြားပေးပါတယ်။
MasterClass က လုပ်ငန်းပိုင်းဆိုင်ရာ အကြောင်းပြောတဲ့ အန်နာဝင်းတိုးလ်၊ အချက်အပြုတ်ပိုင်းအတွက် ဂေါ်ဒွန်ရမ်ဆေးနဲ့ ဟာသပညာအတွက် ဒေးဗစ်ဆီဒါရစ်လိုမျိုး ကျော်ကြားတဲ့သူတွေကို စုစည်းထားပါတယ်။ သင်ခန်းစာ preview တွေကို trailer လိုမျိုး ကြည့်ရှုနိုင်ပါတယ်။
စိုးထက်
Ref: TechCrunch