ရန်ကုန်အဝေးသင်တက္ကသိုလ် မှ Post Graduate Diploma in Geography of Tourism အတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ဦးစီးတဲ့ အွန်လိုင်းဖြင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူနေပါတယ်။

အွန်လိုင်းဖြင့် Post Graduate Diploma in Geography of Tourism (PGDGT) ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းသို့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေနဲ့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်းများအပြင်၊ ပြင်ပပုဂ္ဂလိကလုပ်ငန်းများမှ ဘွဲ့ရရှိပြီးသူတွေလည်း လျှောက်ထားနိုင်ပါတယ်။ ဝင်ခွင့်ကို www.udegeog.edu.mm မှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှာ လျှောက်ထားရမှာဖြစ်ပြီး သင်တန်းသားဦးရေပြည့်ပါက register ပိတ်မှာဖြစ်ပါတယ်။ တက်ရောက်ခွင့်ရရှိသူတွေ ကို အီးမေးလ်ဖြင့်အကြောင်းကြားပေးမှာဖြစ်ပြီး သင်တန်းကာလမှာ ၁၀ လ ဖြစ်ပါတယ်။

အသေးစိတ်ကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သင်တန်းရေးရာဌာန ဖုန်း- ၀၁-၂၃၀၅၉၃၈ နဲ့ ၀၁-၅၂၅၈၂၄ ကို ဆက်သွယ်မေးမြန်းနိုင်သလို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ သထုံလမ်းမှာလည်း ဆက်သွယ်နိုင်ပါတယ်။

-သန္တာ