ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတုဗေဒဌာန မှ Online Certificate Course နှစ်ခု ဖွင့်လှစ်မည်

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ဓာတုဗေဒဌာနအနေနဲ့၊ ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ Web-Based Teaching System ကို အသုံးပြုကာ Online Certificate Course နှစ်ခု ကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Good Manufacturing Practice နဲ့ Water and Sanitation for Occupational Purpose Online Certificate Course နှစ်ခုဖြစ်ပြီး ဒီ Course တွေဟာ သင်တန်းကာလ (၃)လ ကြာမြင့်မှာဖြစ်ကာ Fully Online Certificate Course တွေဖြစ်တယ်လို့သိရပါတယ်။
သင်တန်းတွေကို တက္ကသိုလ်ဝင်တန်းအဆင့်အထိတက်ရောက်ပြီးတဲ့ လူငယ်လူရွယ်တွေ အနေနဲ့ Fully Online Certificate Course နဲ့ မိမိဒေသ၊ မိမိအလုပ်ခွင်မှာနေပြီး အဆင့်မြင့် ပညာရပ်တွေကိုလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ Fully Online Course ဖြစ်တဲ့အတွက် Campus ထဲသို့လုံး၀လာစရာမလိုဘဲ မြန်မာနိုင်ငံတစ်ဝှမ်းလုံး မည်သည့်ဒေသတွင်မဆို အင်တာနက်အသုံးပြုကာ Online ပေါ်တွင် သင်ယူနိုင်သောသင်တန်းအမျိုးအစား ဖြစ်ပြီး Assignment စာစဉ်ဖြေဆိုခြင်းနဲ့ Feedback တွေကို Online မှပင်ပြုလုပ်ရမှာဖြစ်ပါတယ်။

မြန်မာနဲ့ အင်္ဂလိပ် ဘာသာ နှစ်ခုစလုံးနဲ့သင်ကြားပို့ချသွားမှာဖြစ်ပြီး ပညာရပ်နယ်ပယ် အသီးသီးအတွက် ပညာရှင်များစွာ မွေးထုတ်ရန်နှင့်အဝေးသင်တက္ကသိုလ်ရဲ့ ရည်မှန်းချက်တွင်ပါဝင်တဲ့ သင်ယူမှုအခွင့်အလမ်း (Learning Opportunity) များကိုတိုးချဲ့ဖန်တီးပေးခြင်းဖြင့် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ် များပေါ်ထွန်းလာစေရန်ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ဒီ Certificate Courses များကိုဖွင့်လှစ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ သင်တန်းသားဦးရေ ၁၀၀ အထိလက်ခံမှာဖြစ်ပါတယ်။ သင်တန်းတွေကိ ဇူလိုင် ၉ ရက် မှစတင်ဖွင့်လှစ် သင်ကြားပေးမှာ ဖြစ်ပါတယ်။

အွန်လိုင်းသင်တန်းဝင်ခွင့်အတွက် သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေကို ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတုဗေဒဌာနရဲ့ ဝက်ဘ်ဆိုဒ် ဖြစ်တဲ့ www.udechem.edu.mm မှတစ်ဆင့် ဇွန် ၁၆ ရက် မှစတင်၍ အွန်လိုင်းမှ လျှောက်လွှာတွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။ သင်တန်းကြေးကို သင်တန်းတစ်ခုစီအတွက် ငွေကျပ် ငါးသောင်း (၅၀၀၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး သင်တန်းများနဲ့ပတ်သက်၍ အသေးစိတ်ကို ဖုန်း – ၀၉-၆၉၆ ၆၄၃ ၉၅၁ သိုွှဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ