ရန်ကုန်မြို့တွင်းရှိ မိုဘိုင်းဖုန်းနှင့်ကွန်ပျူတာဆိုင်အချို့ ပြန်လည်ဖွင့်လှစ်ထား

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားရှိပြီးဖြစ်တဲ့ မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာအရောင်းဆိုင်အချို့ ယနေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ် ရောင်းချကာ ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပါတယ်။

Win Mobil World ရဲ့ Facebook စာမျက်နှာမှာ Win Mobile World ရဲ့ ဆိုင်ခွဲများအားလုံးနဲ့ Win Mobile World Service Centre ကို ၂၀.၄.၂၀၂၀ ရက်မှစတင်ပြီး နေ့စဉ် နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ ပြန်လည် ဖွင့်လှစ်ပြီ ဖြစ်ကြောင်း၊ ဆိုင်ခွဲများအားလုံးနဲ့ Service Centre တွေမှာ ရောဂါ အန္တရာယ် ကာကွယ်ရေး အစီအမံများ၊ Social Distancing ၊ Mask ၊ Hand Gel တွေ စတဲ့ ကာကွယ်ရေးလုပ်ငန်းဆိုင်ရာတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားရှိပြီး ဝန်ဆောင်မှု ပေးမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ထိုနည်းတူစွာ UNiQUE ရဲ့ ရန်ကုန်ဆိုင်ခွဲများအားလုံးကိုလည်း ယနေ့မှစတင်ကာ စတင်ဖွင့်လှစ်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

-ရဲထွဋ်ဝင်း