ရန်ကုန်မြို့တော်စည်ပင်၏ဝန်ဆောင်မှုများကို MY CITY APP မှတစ်ဆင့် ရယူနိုင်မည်

ရန်ကုန်မြို့တော်စည်ပင်ရဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းမှ စတင်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် MY CITY APP ကို YCDC မှ မိတ်ဆက်လိုက်ပါတယ်။

MY CITY APP မှ တစ်ဆင့် ရန်ကုန်မြို့တော်စည်ပင်ရဲ့ ဝန်ဆောင်မှုတွေကို အလွယ်တကူ ခေါ်ယူနိုင်မှာဖြစ်ပြီး ‍စက်မှုဇုန်အမှိုက်သိမ်း ဝန်ဆောင်မှု၊ ဆေးရုံအမှိုက်သိမ်း ဝန်ဆောင်မှု၊ ရေပုပ်စုပ်ယာဉ် ဝန်ဆောင်မှု၊ ပါမစ်ဝန်ဆောင်ခ (YBPS)၊ ရေခွင့်ပြုမိန့် ဝန်ဆောင်ခ (Water Connection) အစရှိတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ‍‍‍‍‍‍

ရယူလိုက်တဲ့ဝန်ဆောင်မှုကို Service Fee ပြန်လည်ပေးချေဖို့အတွက် MY CITY APP ထဲက CITY PAY WALLET မှတစ်ဆင့် လွယ်ကူစွာ ပေးချေနိုင်မှာဖြစ်ပြီး ကျသင့်ငွေပေးချေနိုင်ရန်အတွက် CITY PAY WALLET ကို ငွေဖြည့်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိကာလမှာ ရန်ကုန်မြို့တော်ဘဏ်ရုံးချုပ်နှင့်ဘဏ်ခွဲများ၊ Sai Sai Pay, CB Pay, Ok$ တို့မှတစ်ဆင့် CITY PAY WALLET ထဲကိုငွေဖြည့်ပြီး ကျသင့်ငွေ ပေးချေခြင်း အပြင် CITY PAY WALLET အချင်းချင်း ငွေလွှဲခြင်းများကိုပါ ပြုလုပ်နိုင်ပါတယ်။

MY CITY APP ကို GooglePlaystore နဲ့ App Store တို့မှာ ဒေါင်းလုပ်ရယူသုံးစွဲနိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ My City App ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««