ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ပါက အွန်လိုင်းသင်ကြားရေးစနစ်ကို အသုံးပြုမည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ပါက အွန်လိုင်းသင်ကြားရေးစနစ်ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

“ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဟာ ကျောင်းများပြန်လည်မဖွင့်လှစ်နိုင်မီ ကာလမှာ ကျောင်းပြီးမြောက်ရန် လိုအပ်ချက်ရှိတဲ့ သင်တန်းအချို့ကို အွန်လိုင်းကနေမကြာမီပို့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်မှာ လည်း Social Distancing Rules and Regulations များနှင့်အညီ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူတွေကို စာသင်ခန်းအတွင်း သင်ကြားချိန် လျှော့ချသင်ကြားမည် ဆိုပါကလည်း Blended Learning System ဖြင့်အသုံးပြုပြီး သင်တန်းအားလုံးကို ပို့ချမှာဖြစ်လို့ ကျောင်းသူ ကျောင်းသားများရဲ့ ပညာအရည်အသွေး ထိခိုက်မှုမရှိဘဲ မူလအရည်အသွေးကို ကောင်းမွန်စွာထိန်းထားနိုင်ရုံမျှမက ကျောင်းသူ ကျောင်းသားများဟာ ပိုမိုကျယ်ပြန့်စွာလေ့လာရတဲ့အလေ့အထများကို Online system မှာ Resources များဖြင့်ပိုမိုခိုင်မာစွာ တည်ဆောက်ထားနိုင်လို့ဖြစ်ပါတယ်။ အွန်လိုင်းစနစ်ဖြင့်ပို့ချရပါကလည်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဟာ
ကမ္ဘာပေါ်မှာ သင်တန်းတက်ရောက်မှု သန်းတစ်ထောင်ကျော်ဖြင့် လူသုံးအများဆုံးသော Moodle Learning Management System ကို (၇၀%) အသုံးပြုရန်စီစဥ်ထားပြီး ကျောင်းသူ ကျောင်းသားများနှင့် တိုက်ရိုက်ထိတွေ့ရတဲ့ Microsoft TEAMS Video Conferencing စနစ်ကို (၃၀%) အသုံးပြုဖို့ စီစဥ်ထားပါတယ် ” လို့ YUFL ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် ကပြောပါတယ်။

ယခုကဲ့သို့ စီစဥ်ထားခြင်းအားဖြင့် ဆရာ ဆရာများအနေဖြင့် သင်ခန်းစာများကို အထူးအားစိုက်ကြိုတင်ပြင်ဆင်ရန် လိုအပ်ပြီး တကယ့်စာသင်ချိန်၊အထူးသဖြင့် Blended Learning ကို ကျင့်သုံးချိန်မှာတောင် စာသင်ချိန်များပြားမှုဒဏ်ကို ခံစားရစရာမရှိဘဲ တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“စီမံခန့်ခွဲရေးအနေနဲ့ ကျောင်းသူ ကျောင်းသားတွေကို ကျောင်းရဲ့ Webmail Account တွေကို Create လုပ်ပြီး စာသင်ခန်းထဲဝင်နိုင်ဖို့
Bulk Enrollment အလုံးအရင်းလိုက် စာရင်းသွင်းတာမျိုး လုပ်ရပါတယ်။ပြီးတော့ မှ Module အလိုက် ဖွဲ့စည်းထားတဲ့ စာသင်ခန်းတွေထဲကို ထပ်ဆင့် Enrollment လုပ်ရပါတယ် ။Module အလိုက် စာသင်ခန်းပေါင်း ၂၀၀ ကျော်လောက်ရှိပါတယ်” လို့ ၄င်းက ဆက်လက်ပြောပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် အနေနဲ့ အွန်လိုင်းမှ သင်ကြားနိုင်ရန် အတွက် ဆရာ၊ ဆရာမများအား E-Campus (Moodle) အွန်လိုင်းသင်ကြားရေးသင်တန်း အမှတ်စဥ် (၁) ကို ပါမောက္ခချုပ်ကိုယ်တိုင် ဦးစီးကာ သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။