ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ တက္ကသိုလ်ဝင်ခွင့်အောင်မြင်ပြီးသူများအား ပညာသင်ထောက်ပံ့ကြေးပေးမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ၂၀၁၉-၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်ခွင့်အောင်မြင်ပြီးသူ တွေကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်ခွင့်ကို ထူးချွန်စွာအောင်မြင်ထားပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (𝐔𝐈𝐓) ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာအင်ဂျင်နီယာနဲ့ သတင်းအချက်အလက်နည်းပညာမေဂျာ (𝐂𝐄𝐈𝐓) သို့ တက်ရောက်ခွင့်ရရှိနိုင်သော်လည်း ပညာသင်စရိတ် အခက်အခဲရှိနေတဲ့ကျောင်းသား/သူ တွေကို စီစစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်သွားမှာပါ။

လျှောက်ထားလိုသူတွေ အနေနဲ့ အသေးစိတ်ကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းရုံး၊ အဆောင်(၁၄)၊ (၅)လွှာ၊ အခန်း (၆၀၄)၊ MICT Park ၊ လှိုင်မြို့နယ်၊ ဖုန်း- ၀၁ ၂၃၀၅၀၃၄၊ ၀၉ ၄၂၅၀၂၂၉၇၆၊ အီးမေးလ် – 𝐨𝐟𝐟𝐢𝐜𝐞@𝐦𝐜𝐢𝐚-𝐲𝐚𝐧𝐠𝐨𝐧.𝐨𝐫𝐠.𝐦𝐦 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-သန္တာ