ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူး၍ Online ICT Talk ဆွေးနွေးပွဲကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူး၍ Lessons Learned From COVID-19” Online ICT Talk ခေါင်းစဉ်နဲ့ Online ICT Talk ဆွေးနွေးပွဲကို ဇွန် ၁၃ ရက်၊ နေ့လယ် ၂ နာရီမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ page https://www.facebook.com/MCIA.Yangon မှ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ဆွေးနွေးပွဲမှာ Moderator အဖြစ် U Zayar Phyo @Jack Chan, MD, Techno Visions Co., ltd မှ ဦးဆောင်ဆွေးနွေးမှာဖြစ်ပြီး Panelist တွေအဖြစ် U Zaw Aung @Ba Zaw, MD, MSCT Pte Ltd., Daw Honey Mya Win, Co-founder & CEO, Chate Sat Freelancing Platform,U Kyaw Swa Min, MD, Grand Lotus Tours, နဲ့ U Mg Mg Aye, Co-founder, Dream Boat Entertainment တို့က ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။

-အောင်သူ