ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထူးချွန်ကျောင်းသား ၁၅၀ ကို ပညာသင်ဆုပေးအပ်

မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်ပေးအပ်မယ့် ပညာသင်ဆု စုစုပေါင်း ၃၀၀ ဆုမှ ပညာသင်ဆု ၁၅၀ ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထူးချွန်ကျောင်းသား ၁၅၀ အား SCG မှ ပညာသင်ဆုပေးအပ်ခဲ့ပါတယ်။

အဆိုပါပညာသင်ဆုပေးအပ်တဲ့ အစီအစဉ်ဟာ SCG Sharing the Dream 2019 ရဲ့ လူထုအကျိုးပြု အစီအစဉ်များထဲမှတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ပညာသင်ဆုရရှိတဲ့ ကျောင်းသားတွေကို ငွေကျပ် ၂၅၀,၀၀၀ နဲ့အတူ ကျောင်းအသုံးအဆောင် ပစ္စည်းတွေကို ထောက်ပံ့ပေး အပ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှလူငယ်တွေကို ပညာရေးအထောက်အပံ့ပေးပြီး မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းပေါ်ရောက်အောင် ပြည်သူပြည်သားတွေကို ကူညီထောက်ပံ့ပေးဖို့ ကျွန် တော်တို့ကတိပေးထားခဲ့တဲ့အတိုင်း ပိုမိုကောင်းမွန်သောဘဝတစ်ခုရရှိရန်ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ရပ်တည်မှု၊ မိသားစုအပေါ်ကျေးဇူးသိတတ်မှုနှင့် ကောင်းမွန်သောပညာရေး အခြေအနေရှိသည့် ထိုက်တန် သောအရည်အချင်းနှင့်ပြည့်စုံသောကျောင်းသားများမည်သူကိုမဆို ပညာသင်ဆုများ ပေးအပ်နိုင်ရေး အတွက်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ SCG ရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာဥက္ကဋ္ဌ Mr. Surachai Pornjindachote မှ ဂုဏ်ပြုအမှာစကားပြောရာတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။