ရန်ကုန်တိုင်းဒေသကြီးရှိ Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက အွန်လိုင်းမှ မှတ်ပုံတင်နိုင်မည်

ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည် ဆိုပါက အွန်လိုင်းမှ မှတ်ပုံတင်နိုင်မယ်လို့ ကုန်သည်စက်မှုအသင်းချုပ်မှ သိရပါတယ်။

COVID 19 ကပ်ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ခွင့်ပြုလုပ်ငန်းအမျိုးအစားတွေမှာ ပါဝင်တဲ့ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများ၊ ကုမ္ပဏီများ အနေနဲ့ လုပ်ငန်းလည်ပတ်လုပ်ကိုင်မည် ဆိုပါက အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ရန်လိုအပ်ပါကြောင်း၊ မှတ်ပုံတင်ထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။

မှတ်ပုံတင်ခြင်း ပြီးမြောက်ပါက ဝန်ထမ်းတစ်ဦးချင်းစီနဲ့ မော်တော်ယာဉ် တစ်စီးချင်းအတွက် QR Code ပါ ID ရရှိမှာဖြစ်ပြီး နယ်မြေဖြတ်ကျော်ခြင်းအတွက် စစ်ဆေးရာမှာ QR Code ပါ ID ကိုပြသရမှာဖြစ်ပါတယ်။

အွန်လိုင်းမှ မှတ်ပုံတင်ခြင်းကို https://qrpass.sawsawshar.gov.mm/#/login မှတစ်ဆင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉-၆၉၄၈၂၀၂၂၄ နဲ့ ၀၉-၄၀၂၇၉၀၇၄၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««