ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ကြီးမှူး၍ အွန်လိုင်းသင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှကြီးမှူး၍ Leadership Development Programme fro Business Leader ကို အွန်လိုင်းသင်တန်းအနေနဲ့ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သင်တန်းကိို ဆရာမကြီး Professor Dr.Moe Moe Khaing ကိုယ်တိုင်ဦးစီးပြီး COVID-19 Crisis အတွင်း စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်းများ၊ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ ကြုံတွေ့နေရတဲ့ အသစ်သစ်သော ပြဿနာများ၊ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုများ စတဲ့ အခက်အခဲတွေနဲ့ အကျပ်အတည်း အခြေအနေများအတွက် အရေးပေါ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ဖွံဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဇွန် ၂၇ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ZOOM ကနေတစ်ဆင့် သင်ကြားပေးမှာဖြစ်ပြီး အင်တာနက်နဲ့ စမတ်ဖုန်းတစ်လုံးရုံရှိဖြင့် အလွယ်တကူ သင်ကြားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာနှင့်တပည့်ကြား အပြန်အလှန် ထိတွေ့သကဲ့သို့ ဆွေးနွေးသင်ကြားပေးမည့် အစီအစဉ်လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကြေးကတော့ Module (၆) ခုလုံးပါတဲ့ Package ကို ၃၀,၀၀၀ ကျပ်ဖြစ်ပါတယ်။ နှစ်သက်ရာ ရွေးချယ်တတ်ရောက်လိုသူတွေအနေနဲ့ Module (၁) ခုကို ၇,၀၀၀ ကျပ်နှုန်းနဲ့ သင်ကြားနိုင်မယ်လို့ သိရပါတယ်။ အထူးအစီအစဉ်အနေနဲ့ သင်တန်းသား (၅)ဦး တစ်ပြိုင်နက် တည်းအပ်ပါက နောက်ထပ် တစ်ဦး အခမဲ့ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

သင်တန်းကြေးကို AYA Bank (သို့) KBZ Bank မှတစ်ဆင့် လွှဲနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၁- ၂၃၀၅၀၃၄ နဲ့ ၀၉၄၂၅၀၂၂၉၇၆ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-အောင်သူ