ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Manufacturing Intelligence ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ အောက်တိုဘာ ၂၇ ရက်၊ နေ့လယ် ၁:၃၀ မှ ၃ နာရီအထိ Manufacturing Intelligence ခေါင်းစဉ်ဖြင့် အွန်လိုင်းပေါ်မှ ဟောပြောပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ဟောပြောပွဲကို IoT SIG Coordinator ဦးကိုကိုရဲ က WebinarJam (Online Platform) ကို အသုံးပြုကာ ဆွေးနွေးဟောပြောသွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/SIG5 မှတစ်ဆင့် Register ပြုလုပ်ရမှာဖြစ်ပြီး ပွဲနေ့ မတိုင်မီ Register ပြုလုပ်ပါက ပြုလုပ်ပြီးသည်နှင့် မိမိတို့ ထည့်သွင်းထားသည့် email သို့ Live Room Link ရောက်ရှိမည် ဖြစ်ကြောင်း Live Room Link ကိုနှိပ်ကာ ဟောပြောပွဲသို့ တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဟောပြောပွဲနေ့မှာ Register ပြုလုပ်မယ့်သူတွေအနေနဲ့ Register ပြုလုပ်ပြီးပါက Your Webinar Link ကို တိုက်ရိုက်နှိပ်ကာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««