ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် ရောင်းချမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း မှ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် ကို မေ ၂၀ ရက် မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) ကို မေ ၂၀ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး ၊ မန္တလေးစာတိုက်ကြီး နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ စာတိုက်တွေမှာ ရောင်းချပေးသွားမှာပါ။

အထူးအစီအစဥ်အနေနဲ့ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နဲ့ မန္တလေးစာတိုက်ကြီးတို့မှာ မေ ၂၀ ရက်မှာ ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့ စာအိတ် (Firstday Cover) တွေပေါ်မှာ နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမယ်လို့ သိရပါတယ်။

-သန္တာ