ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးများစာအုပ် ယနေ့ထုတ်ဝေမည်

ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးများစာအုပ်ကို ယနေ့ (ဒီဇင်ဘာလ ၁ ရက်) မှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကြီးမြတ်တဲ့ သမိုင်းကြောင်းများနဲ့ ကြီးမားတဲ့ အစဉ်အလာများကို ပြည်သူများ ခံစားသိမြင်နိုင်စေရန် အတွက် စာပေပညာရှင်၊ ဝါသနာရှင် အသီးသီးက မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာ ထုတ်ဖော်ရေးသားခဲ့ကြတဲ့ ဆောင်းပါးများကို တစ်စုတစ်စည်းတည်း စုစည်းထားတဲ့ စာအုပ်ဖြစ်တယ်လို့ သိရပါတယ်။

စာအုပ်မှာ ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် အရေးပါနေဆဲ၊ တန်ဖိုးထား တမ်းတနေရဆဲ ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သမိုင်းဖြစ်စဉ် ဖြစ်ရပ်များ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများရဲ့ ကြည်နူးဖွယ်၊ လွမ်းဆွတ်ဖွယ် ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို ရေးသားဖော်ပြထားတဲ့ ဆောင်းပါးပေါင်း ၆၂ ပုဒ် ပါဝင်ပါတယ်။

ဝယ်ယူလိုသူတွေအနေနဲ့ စာပေဗိမာန်စာအုပ် အရောင်းဆိုင်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်ဆိုင်၊ အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနှင့် ထုတ်လုပ်ရေးဌာနခွဲ (၀၆၇−၃၄၁၂၃၇၁၊ ၀၁−၈၃၇၁၃၄၂၊ ၀၁−၈၂၀၁၉၃၆) တွေမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««