ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြုလုပ်မည်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်မှာ ကျရောက်မယ့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲကို တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ် အသီးသီးမှာ တက်ရောက်လျက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ တစ်ဖွဲ့မှာ ၃ ဦးပါဝင်တဲ့ အဖွဲ့ဖွဲ့ကာ အဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ပြိုင်ပွဲဝင် လျှောက်လွှာပုံစံတွေကို ဖြည့်စွက်ကာ နိုဝင်ဘာ ၃ ရက် နောက်ဆုံးထားကာ ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရသူများစာရင်းကို နိုဝင်ဘာ ၅ ရက်မှာ www.uy.edu.mm နဲ့ www.dagonuniversity.edu.mm မှာ ကြေညာပေးသွားမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်တွေ အနေနဲ့ ကျော်ဝင်း၊ သမိုင်းပါမောက္ခ (ငြိမ်း) ရေးသားသော ကံ့ကော်မြေမှ ရန်ကုန်တက္ကသိုလ်စာအုပ်၊ အောက်တိုဘာလထုတ် ကြေးမုံသတင်းစာ နှင့် မြန်မာ့အလင်းသတင်းစာတို့မှ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ ဆောင်းပါးများ၊ အင်တာနက်စာမျက်နှာရှိ ရန်ကုန်တက္ကသိုလ်သမိုင်းဆိုင်ရာ အထောက်အထားများကို ကြိုတင်လေ့လာ ဖတ်ရှုထားရမှာ ဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကို www.uy.edu.mm နဲ့ www.dagonuniversity.edu.mm မှာလည်းကောင်း၊ National University of Art and Culture-Yangon, NUAC-Ygn, Official မှာလည်းကောင်း၊ ဒေါက်တာထိပ်တင်ဟန် htatetinhan@gmail.com ဖုန်း-၀၉၂၆၄၆၃၆၁၂၉၊ ဒေါက်တာဇော်စိုးမင်း zawsoemin@uy.edu.mm ဖုန်း-၀၉၅၁၃၇၅၅၄ နဲ့ ဒေါက်တာလဲ့လဲ့အောင် llaung1111@gmail.com ဖုန်း-၀၉၅၁၉၄၁၁၂ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««