ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲ ပြုလုပ်မည်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ ကျရောက်မယ့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကို “ ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သာယာလှပမှုများ၊ အေးချမ်းပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်ကြီး အဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ်အလာကြီးမားခဲ့မှုများနဲ့ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်ပုံများကို ဖော်ညွှန်းရေးဆွဲ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင် ပုံနှိပ် ဖော်ပြခြင်းမရှိသေးသော ကာတွန်းတစ်ပုံသာ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ကာတွန်းတွေကို လက်ဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့် ဖြစ်စေ A3 အရွယ်စာရွက်နဲ့ ရေးဆွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ကာတွန်းတွေကို နိုဝင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထားကာ ဦးအောင်ကျော်ထက် ဒုတိယညွှန်ကြားရေးမှူး (ထုတ်လုပ်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အမှတ် ၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပေးပို့ရမှာ ဖြစ်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««