ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ပြုလုပ်မည်

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဥ်နဲ့ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြိုင်ပွဲသို့ ရန်ကုန်တက္ကသိုလ်ရဲ့ခမ်းနားတင့်တယ်မှု၊ သမိုင်းအစဥ်အလာကြီးမြတ်မှုများ၊ ခေတ်အဆက်ဆက်ပြုပြင်ပြောင်းလဲ ခဲ့မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ နိုင်ငံနှင့် လူမျိုးများအတွက် အကျိုးပြုပုံရိပ်များ၊ အောင်မြင်ထူးချွန်ထင်ရှားသည့်လူပုဂ္ဂိုလ်များ၊ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် အဆောက်အဦများ၊ ရန်ကုန်တက္ကသိုလ်နှစ်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများ နှင့် ပွဲတော်ပုံရိပ်များ အစရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့အနှစ်သာရကို ဖော်ညွှန်းရိုက်ကူးထားတဲ့ ရောင်စုံဓာတ်ပုံ‌တွေနဲ့ ပါဝင်ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဥ်ပြိုင်နိုင်ပြီး မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားတဲ့ ရောင်စုံဓာတ်ပုံတွေ ဖြစ်ရမှာဖြစ်ပါတယ်။

ဆုရရှိသူတွေကို ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု ကျပ်သုံးသိန်းငါးသောင်း၊ တတိယဆု ကျပ်နှစ်သိန်းနှင့် အထူးဆု ကျပ်တစ်သိန်းစီ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို သြဂုတ် ၁၅ ရက် ညနေ ၄ နောက်ဆုံးထားကာ ဦးကျော်ဇင်စိုး၊ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ သို့ ပေးပို့ရမှာ ဖြစ်ပါတယ်။

-သန္တာ