ရန်ကုန်တက္ကသိုလ်မှ အသုံးချ ဒဿနပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်မည်

ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာနမှ အသုံးချ ဒဿနပညာ ဘွဲ့လွန်ဒီပလိုမာ(Postgraduate Diploma in Applied Philosophy) သင်တန်း ကို ဒီဇင်ဘာ ၉ ရက်မှာ ဖွင့်လှစ် သွားမှာဖြစ်ပါတယ်။

သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေတက်ရောက်နိုင်ပြီး သင်တန်းကာလမှာ ၈ လကြာမြင့်မှာဖြစ်ပါတယ်။ လျှောက်လွှာ တွေကို နို၀င်ဘာ ၈ ရက်မှ ၂၂ ရက်အထိ လက်ခံပေးမှာဖြစ်ပြီး သင်တန်းသားဦးရေ ၁၀၀ လက်ခံမှာဖြစ်ပါတယ်။ ဝင်ခွင့်လူတွေ့ဖြေဆိုမှုကို နိုဝင်ဘာ ၂၆ ရက် နဲ့ ၂၇ ရက်တွေ မှာ ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ တနင်္လာမှစနေ၊ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို အမရဆောင် (AA-104) ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန မှာရယူနိုင်မှာ​ဖြစ်ပြီး အသေးစိတ်ကို ဖုန်း – ၀၉၄၄၈၀၁၇၆၉၄၊ ၀၉၂၅၀၀၇၆၈၃၁ နဲ့ ၀၉၂၆၀၃၃၂၀၃၃ ကို ဆက်သွယ် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ