ရန်ကုန်တက္ကသိုလ်မှ မျက်မှောက်ခေတ် မြန်မာ့ရေးရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းဖွင့်မည်

ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနမှ ကြီးမှူးပြီး မျက်မှောက်ခေတ် မြန်မာ့ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်းကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ ၈ လ ဖြစ်ပါတယ်။ သင်တန်းချိန်မှာ တနင်္လာ မှ ကြာသပတေး၊ နံနက် ၇ နာရီမှ ၉ နာရီ အထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကို ဒီဇင်ဘာ ၉ ရက်မှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၁၈ ရက်မှစတင်ကာ ဝယ်ယူနိုင်ပါတယ်။ သင်တန်းသားဦးရေ ၁၀၀ သာ လက်ခံမှာဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက် နောက်ဆုံးထား လျှောက်ထားရမှာပါ။

အသေးစိတ်ကို ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန၊ ဝေသာလီဆောင် ဖုန်း – ၀၉၄၂၅၂၉၇၂၅၀ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ