ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဒီပလိုမာသင်တန်း ဖွင့်မည်

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဒီပလိုမာသင်တန်း (Diploma in Political Science) အတွက် လျှောက်လွှာ ခေါ်ယူနေပါတယ်။

သင်တန်းကို ဒီဇင်ဘာ ၅ ရက်မှ စတင် ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို နိုဝင်ဘာ ၆ ရက်မှ ၂၂ ရက်အထိ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှာ ဝယ်ယူရရှိနိုင်ပါတယ်။

ဝင်ခွင့်ရေးဖြေစာမေးပွဲကို နို၀င်ဘာ ၂၇ ရက်မှာ ဖြေဆိုရမှာဖြစ်ပြီး ဝင်ခွင့်လူတွေ့စာမေးပွဲ ကို ဒီဇင်ဘာ ၂ ရက်မှာ ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းကာလ ၉ လဖြစ်ပြီး တနင်္လာနေ့မှ သောကြာ၊ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမှာဖြစ်ပါတယ်။

-သန္တာ