ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ MBA နှင့် DMA တန်းအတွက် လျှောက်လွှာရောင်းချမှုရွှေ့ဆိုင်း

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှဖွင့်လှစ်မယ့် Master of Business Administration (MBA) နှင့် Diploma in Management Administration( DMA) တန်းအတွက် လျှောက်လွှာရောင်းချမှုရွှေ့ဆိုင်းလိုက်ပါတယ်။

COVID – 19 အခြေအနေအရ လျှောက်လွှာရောင်းချမှုကို သင်္ကြန်ကာလပိတ်ရက် အပြီးအထိ ရွှေ့ဆိုင်းထားမှာ ဖြစ်ပြီး ရောင်းချမယ့်ရက်ကို ပြန်လည်ကြေညာသွားမယ်လို့ သိရပါတယ်။

ယခင်က လျှောက်လွှာတွေကို မေ ၅ ရက် အထိ နောက်ဆုံးထား လျှောက်ထားရမယ်လို့ ကြေညာခဲ့တာပဲဖြစ်ပါတယ်။

သင်တန်းတွေကိုတော့ အသက် ၂၅ နှစ်ပြည့်ပြီး အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိပြီးသူတွေလျှောက်ထားနိုင်ပါတယ်။

-သန္တာ