ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ Master of Marketing Management အတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စျေးကွက်စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ Master of Marketing Management အတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူနေပါပြီ။

သင်တန်းသို့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ စျေးကွက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းခွင် (အလယ်အလတ်အဆင့် စီမံခန့်ခွဲမှု) အတွေ့အကြုံ အနည်းဆုံး နှစ်နှစ် ရှိသူ၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် အသက် ၂၅ နှစ်ပြည့်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း ၂၀၆ မှာ ရယူနိုင်ပါတယ်။ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဖုန်း – ၀၁-၅၂၆၆၁၃ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ