ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှ ဖွင့်လှစ်လျက်ရှိသော သင်တန်းများကို ခေတ္တရပ်နား

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှ ဖွင့်လှစ်လျက်ရှိတဲ့ Executive Master of Business Administration (EMBA), Myanmar – India Entrepreneurship Development Centre (MIEDC) နဲ့ Center of Excellence for Business Skills Development (CEBSD) တို့မှ သင်တန်းတွေကို မတ် ၁၇ ရက်မှ စတင်ကာ သင်္ကြန်ကာလ ရုံးပိတ်ရက်ပြီးဆုံးသည်အထိ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။

Executive Master of Business Administration (EMBA) နေပြည်တော်နဲ့ Post-Graduate Diploma in Human Resource Management သင်တန်းစာမေးပွဲကို မူလ အစီအစဉ်အတိုင်း စစ်ဆေးပြီးနောက် သင်တန်းကို ၂၀၂၀ ပြည့်နှစ် သင်္ကြန်ကာလရုံးပိတ်ရက် ပြီးဆုံးသည်အထိ ခေတ္တရပ်နားမှာ ဖြစ်ပါတယ်။

သင်တန်းများဖွင့်လှစ်မယ့်ရက်တွေကိုတော့ ပြန်လည်ကြေညာပေးသွားမှာပါ။

-သန္တာ