ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Project Management ရက်တိုသင်တန်းဖွင့်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ Myanmar-India Entrepreneurship Development Center တို့မှ Project Management ရက်တိုသင်တန်းကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းကာလမှာ ဒီဇင်ဘာ ၁၁ ရက်မှ ၂၀ ရက်အထိ ဖြစ်ပြီး ရုံးဖွင့်ရက် ညနေပိုင်း ၈ ရက်သင်တန်း ဖြစ်ပါတယ်။ သင်တန်းကြေး ငါးသောင်းကျပ်တိတိ ဖြစ်ပြီး သင်တန်းချိန်မှာ ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲအထိ ဖြစ်ပါတယ်။ သင်တန်းကို ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) မှာတက်ရောက်ရမှာပါ။ သင်တန်းပြီးဆုံးပါက ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ တိုက်ရိုက်ပေးအပ်တဲ့ သင်တန်းဆင်းလက်မှတ် ရရှိမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အသေးစိတ် အချက်အလက်တွေကို ဖုန်း – ၀၁-၆၆၄၆၈၄ နဲ့ ၀၉၉၆၃၃၅၉၄၅၉ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ