ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Human Resource Management – PGDHRM) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းသို့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး စီးပွားရေးလုပ်ငန်းမှာ လက်တွေ့လုပ်ဆောင်နေသူ၊ လုပ်ငန်းစီမံခန့်ခွဲမှု အတွေ့အကြုံရှိသူတွေကို ဦးစားပေးရွေးချယ်မယ်လို့ သိရပါတယ်။

သင်တန်းကာလ ၁၂ လဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်မှ ၁၃ ရက်အထိ ဝယ်ယူနိုင်ပြီး ဇွန်လ ၁၃ ရက် နောက်ဆုံးထား ပြန်လည်တင်သွင်း ရမှာဖြစ်ပါတယ်။ လူတွေ့ နှုတ်ဖြေစာမေးပွဲကို ဒီဇင်ဘာ ၁၉ ရက် နဲ့ ၂၀ ရက်တွေမှာ ဖြေဆိုရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ပါရမီလမ်း၊ ပတ္တမြားဆောင်၊ စီမံခန့်ခွဲမှုပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ရယူနိုင်ပြီး အသေးစိတ်ကို ဖုန်း-၀၁-၆၆၄၆၈၄၊ ၀၉၉၆၃၃၅၉၄၅၉ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ