ရန်ကုန်စာအုပ်လမ်း အမည်ဖြင့် စာအုပ်အရောင်းပွဲတော်ပြုလုပ်မည်

“ရန်ကုန်စာအုပ်လမ်း” (Yangon Book Street) အမည်နဲ့ စာအုပ်စာပေအရောင်းပွဲတော်ကို နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက်၊ သိမ်ဖြူလမ်းမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

အပတ်စဥ် စနေ၊ တနင်္ဂနွေမှာ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပါတယ်။ စာအုပ်ပွဲတော်မှာ စာအုပ်ဆိုင်အရောင်းပြခန်းပေါင်း ၇၀ ခန့်ပါဝင်ကာ အသစ်ထွက်စာအုပ်တွေကိုလည်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်စာရေးဆရာ ချမ်းမြေ့ဝင်းရဲ့ “ဘာသာပြန်ခြင်းအနုပညာ” ခေါင်းစဥ်နဲ့ စာပေဟောပြောပွဲအစီအစဥ်လည်းပါ၀င်ပါတယ်။

-အောင်သက်ကို