ရန္ကုန္ ကြန္ပ်ဴတာတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာမီမီသက္သြင္ႏွင့္ ေတြ႕ဆံုျခင္း

[ Zawgyi ]

ရန္ကုန္ ကြန္ပ်ဴတာ တကၠသိုလ္ရဲ႕ လက္ရွိေဆာင္ရြက္ေနတဲ့ ေဆာင္ရြက္ခ်က္ေတြ၊ အနာဂတ္ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာမီမီသက္သြင္ကို အင္တာနက္ဂ်ာနယ္မွ သတင္းေထာက္ျဖစ္သူ မေဝေဝ က ေတြ႕ဆံုေမးျမန္း ထားတာျဖစ္ပါတယ္။

UCSY အေနနဲ႔ ဒီပညာသင္ႏွစ္မွာ ေျပာင္းလဲမႈ ဘာေတြလုပ္ထားသလဲဆိုတာ အရင္ဆံုးသိလိုပါတယ္။

ဒီႏွစ္ ပညာႏွစ္မွာေတာ့ မဟာတန္းေတြဆိုရင္ M.C.Sc ဆိုရင္ အခြဲေတြ၊ မဟာတန္းေတြ တိုးခ်ဲ႕ ဖြင့္လာတယ္။ Data Science နဲ႔ ပတ္သက္တဲ့ မဟာတန္းေတြ လိုအပ္ခ်က္ေပၚ မူတည္ၿပီး ဖြင့္ေနပါတယ္။

သတင္းအခ်က္အလက္ေတြ ကိုၾကည့္႐ႈႏိုင္ဖို႔ Interactive System ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ အဲဒါနဲ႔ ပတ္သက္ ၿပီးလည္း သိပါရေစ။

ဒီစနစ္ေတြက အရင္ကလည္း ေက်ာင္းတြင္းအေနနဲ႔ အသုံးျပဳလ်က္ ရွိတယ္လို႔ သိရပါတယ္။ Internet မွာမိဘေတြေက်ာင္းသူ၊ ေက်ာင္းသားေတြအျပင္ အျခားျပင္ပေက်ာင္းသူ၊ ေက်ာင္းသားေတြပါ Interactive ျဖစ္ႏိုင္တဲ့ System ကိုေတာ့ ဒီႏွစ္အတြင္း မိတ္ဆက္သြားဖို႔ ရွိပါတယ္။ ဒီစနစ္ကို အသုံးျပဳျခင္းျဖင့္ Outreach Community အထိကို သိေစခ်င္လာတယ္။ ဒီေက်ာင္းက
Activity ေတြ Community အထိ ေက်ာင္းက ဘာေတြလုပ္ေနလဲ ဆိုတာ သိေစခ်င္ပါတယ္။ ေနာက္ အဲဒီလိုု ျပဳလုပ္လိုက္တဲ့အတြက္ Feedback ျပန္လိုခ်င္တယ္။ ေက်ာင္းသူ၊ ေက်ာင္းသားေတြ ပညာသင္ၾကားတဲ့ေနရာမွာ လိုအပ္ခ်က္ကိုလည္း သိခ်င္တယ္။ မိဘေတြအျပင္ အလုပ္ခန္႔မယ့္ ကုမၸဏီေတြ၊ ေက်ာင္းသူ၊ ေက်ာင္းသားေတြအျပင္ အျခားေသာ ေက်ာင္းသား ေဟာင္းေတြရဲ႕ Comment ကို လိုခ်င္တဲ့အတြက္ အဓိကထား လုပ္ေဆာင္တာ ျဖစ္ပါတယ္။Webportal အေနနဲ႔ System အေနနဲ႔မလုပ္ဘဲနဲ႔ တုိက္႐ိုက္ခ်ိတ္ၿပီး Feedback အရင္ တုန္းက email နဲ႔ပဲပို႔ၿပီး email နဲ႔ပဲလက္ခံတယ္။ အဲဒီအစား Application System ကို အသုံး ျပဳမွာျဖစ္ပါတယ္။

IT Camp လိုမ်ိဳး Event ေတြကေန ဘယ္လို အက်ိဳးရလဒ္ ရႏိုင္သလဲ။

ေက်ာင္းသားေတြအေနနဲ႔ကေတာ့ ဦးေဆာင္ႏိုင္တဲ့ စြမ္းရည္ေတြ ပူးေပါင္းေဆာင္ရြက္ႏိုင္တဲ့စြမ္းရည္ အဲဒါေတြ အမ်ားႀကီး တိုးတက္လာပါတယ္။ ၿပီးေတာ့ Industry ရဲ႕ အျမင္ေတြ ပိုသိသြားတယ္။ ဒီမွာကေတာ့ Aca-demic အေနနဲ႔ဘဲ ေက်ာင္းမွာ ေက်ာင္းသား၊ ေက်ာင္းသူေတြကို Push လုပ္ႏိုင္တာပါ။ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ကေတာ့ Business အျမင္ေတြက
ဘာေတြရွိလဲ၊ အခုလက္ရွိ Business Industry ေတြ သြားေနတဲ့ နည္းပညာေတြက ဘာေတြရွိလဲဆိုတာနဲ႔ ေက်ာင္းမွာတင္မဟုတ္ဘဲ အျပင္မွာ ဘယ္လိုအသုံးခ်ေနလဲဆိုတာ သိသြားႏိုင္တယ္လို႔ ယူဆပါတယ္။ IT Camp ကေတာ့ ရန္ကုန္ကြန္ပ်ဴတာ တကၠသိုလ္မွာ ျပဳလုပ္လာတာ စတုတၳအႀကိမ္ေျမာက္ ရွိသြားပါၿပီ။ ဒီပြဲကေတာ့ နည္းပညာကို စိတ္ဝင္စားတဲ့ တျခားနယ္ပယ္မွ လူေတြေရာ၊ နည္းပညာနယ္ပယ္ အတြင္းမွာရွိတဲ့ ဆရာ၊ ဆရာမေတြ Professional field မွ ပညာရွင္ေတြ လာေရာက္ၿပီး Technology
အသစ္ေတြကို ေျပာျပေပးခဲ့သလို ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔အတူ ေဆြးေႏြးဖလွယ္မႈေတြကိုပါ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ အိုင္တီ နယ္ပယ္က ပညာရွင္ေတြရဲ႕ သူတို႔ရဲ႕ Knowledge ေတြကို Sharing လုပ္တာေတြ၊ Discusses လုပ္ေပါ့၊ ေက်ာင္းသူ၊ ေက်ာင္းသားေတြ အေနနဲ႔သူတို႔ရဲ႕ Business ႐ႈေထာင့္ေတြ၊ Industrial ႐ႈေထာင့္ေတြကို ျမင္လာတာေပါ့ အဲလိုအတြက္ကို ရည္ရြယ္က်င္းပတာျဖစ္ၿပီး အဲလိုက်င္းပဖို႔ု႔ အတြက္ကို ေက်ာင္းသား၊ ေက်ာင္းသူအခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္ရတယ္၊ Industry နဲ႔ ပူးေပါင္းေဆာင္ရြက္ရတယ္။ အဲဒီအေလ့အက်င့္ေတြ ရရွိႏိုင္ပါတယ္။

တစ္ႏွစ္တာ ေက်ာင္းျပင္ပလႈပ္ရွားမႈက အခုအခမ္းအနား အျပင္ ဘာေတြရွိေသးလဲ။

အခု IT Camp ေတြအျပင္ Programming ၿပိဳင္ပြဲမွာလည္း မ်ိဳးစုုံရွိပါတယ္။ ႏိုင္ငံတကာ Programming ၿပိဳင္ပြဲေတြရွိတယ္။ Industry နဲ႔ ပူးေပါင္းၿပီးေတာ့ ၿပိဳင္ပြဲေတြရွိပါတယ္။ Business Plan Content ေတြရွိပါ တယ္။ Content ေတြ Activity ေတြကေတာ့ မ်ိဳးစုံရွိပါတယ္။

ႏိုင္ငံျခား ေက်ာင္းေတြနဲ႔ Exchange program ေတြ ျပဳလုပ္ဖို႔ရွိပါသလား။

ႏိုင္ငံျခားေက်ာင္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး Double Master De-gree ေတြေပးေနပါတယ္။ အဲဒါကေတာ့ Japan University ေတြ ဂ်ပန္ဆို ၃၊ ၄ ႏွစ္ေလာက္ရွိသြားပါၿပီ။ UCSY မွာ တစ္ႏွစ္တက္ ဂ်ပန္မွာ တစ္ႏွစ္တက္ၿပီးရင္ Master Thesis ကို UCSY အျပင္ ဂ်ပန္က Supervisor ႏွစ္ေယာက္လာႀကီးၾကပ္ၿပီးေတာ့မွ Master ဘြဲ႕ကို ေပးအပ္တာျဖစ္ပါတယ္။ အဲဒီလို Double Master Degree ေတြ
ကိုေတာ့ ေက်ာင္းမွာ မဟာတန္းတက္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ဒီလိုဘြဲ႕ ဆက္တက္ခ်င္လား ေမးၾကည့္ပါတယ္။ ဒီလို Double Master Degree ေတြကိုေတာ့ လူဦးေရကန္႔ သတ္ၿပီးေတာ့ မေခၚပါဘူး။ ေလွ်ာက္ခ်င္တဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြ
က အရမ္းမ်ားတယ္ ေက်ာင္းသူ၊ ေက်ာင္းသားေတြက အေရးႀကီးတယ္။ ၿပီးေတာ့ စည္းကမ္းလိုက္နာႏိုင္တဲ့ သူ၊ သူတို႔ဘက္
က Supervisor သေဘာက်တဲ့သူ ေတြကို ေခၚသြားတာပါ။

ေက်ာင္းသားေတြအတြက္ ေဆာင္ရြက္ထားတဲ့ Intern pro-gram ေတြရွိပါသလား။ ဘယ္အေျခအေနထိ ေရာက္ေနၿပီလဲဆို တာကိုလည္း သိလိုပါတယ္။

ေက်ာင္းမွာကေတာ့ Inter-nship Program ေတြက ရွိေနပါတယ္။ ေက်ာင္းပိတ္သြားတဲ့အခ်ိန္ဆို ေက်ာင္းသားေတြကို လႊတ္ပါတယ္။ မႏွစ္ကစၿပီးေတာ့ Final Year Student တိုင္း Internship ၃ လ ဆင္းရတယ္။ Internship ၃ လဆင္းၿပီးမွ ကြန္ပ်ဴတာ ေက်ာင္းသားက ျပည္စုံသြားတာပါ။ Complexity ျဖစ္တာကေတာ့ ၂ ႏွစ္ေလာက္ေတာ့ ရွိပါၿပီ။

UCSY အေနန႔ဲ ေရွ႕ဆက္လုပ္ ေဆာင္မယ့္ ေဆာင္ရြက္ခ်က္ ေတြကိုလည္း သိပါရေစ။

UCSY အေနနဲ႔ ဒီပညာသင္ ႏွစ္ေတြမွာ အဓိကထားလုပ္ေနတာ Collaboration လုပ္ငန္း ေတြ အဲလုပ္ငန္းေတြေနရာမွာ Industrial နဲ႔ Collaboration ေတြအျပင္ ႏိုင္ငံတကာမွာရွိေနတဲ့ University ေတြ Organization ေတြ Search Center ေတြနဲ႔လည္း Collaboration ေတြရွိပါတယ္။ ျပည္တြင္း တကၠသိုလ္ေတြ၊ ကုမၸဏီေတြနဲ႔လည္း Collaboration ေတြရွိပါတယ္။ အဲလို Collaboration ေတြလုပ္ျခင္း အားျဖင့္ ရည္ရြယ္ခ်က္ကေတာ့ သုေတသနဆိုရင္ သုေတသန Qualtity တက္လာဖုိ႔ အလုပ္အကိုင္အခြင့္အလမ္းရရွိဖို႔ ဘြဲ႕ရ ေက်ာင္းသူ၊ ေက်ာင္းသားေတြ အလုပ္အကိုင္ အခြင့္အလမ္းမ်ားတဲ့အျပင္ သူတို႔အေနနဲ႔ အလုပ္အကိုင္ဝင္တဲ့အခါမွာ အဆင္သင့္ျဖစ္ေစဖို႔ကို ရည္ရြယ္ပါတယ္။

ေက်းဇူးတင္ပါတယ္

[ Unicode ]

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေ၊ အနာဂတ်ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်ကို အင်တာနက်ဂျာနယ်မှ သတင်းထောက်ဖြစ်သူ မဝေဝေ က တွေ့ဆုံမေးမြန်း ထားတာဖြစ်ပါတယ်။

UCSY အနေနဲ့ ဒီပညာသင်နှစ်မှာ ပြောင်းလဲမှု ဘာတွေလုပ်ထားသလဲဆိုတာ အရင်ဆုံးသိလိုပါတယ်။

ဒီနှစ် ပညာနှစ်မှာတော့ မဟာတန်းတွေဆိုရင် M.C.Sc ဆိုရင် အခွဲတွေ၊ မဟာတန်းတွေ တိုးချဲ့ ဖွင့်လာတယ်။ Data Science နဲ့ ပတ်သက်တဲ့ မဟာတန်းတွေ လိုအပ်ချက်ပေါ် မူတည်ပြီး ဖွင့်နေပါတယ်။

သတင်းအချက်အလက်တွေ ကိုကြည့်ရှုနိုင်ဖို့ Interactive System ပြုလုပ်နေတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက် ပြီးလည်း သိပါရစေ။

ဒီစနစ်တွေက အရင်ကလည်း ကျောင်းတွင်းအနေနဲ့ အသုံးပြုလျက် ရှိတယ်လို့ သိရပါတယ်။ Internet မှာမိဘတွေကျောင်းသူ၊ ကျောင်းသားတွေအပြင် အခြားပြင်ပကျောင်းသူ၊ ကျောင်းသားတွေပါ Interactive ဖြစ်နိုင်တဲ့ System ကိုတော့ ဒီနှစ်အတွင်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ ဒီစနစ်ကို အသုံးပြုခြင်းဖြင့် Outreach Community အထိကို သိစေချင်လာတယ်။ ဒီကျောင်းက
Activity တွေ Community အထိ ကျောင်းက ဘာတွေလုပ်နေလဲ ဆိုတာ သိစေချင်ပါတယ်။ နောက် အဲဒီလိုု ပြုလုပ်လိုက်တဲ့အတွက် Feedback ပြန်လိုချင်တယ်။ ကျောင်းသူ၊ ကျောင်းသားတွေ ပညာသင်ကြားတဲ့နေရာမှာ လိုအပ်ချက်ကိုလည်း သိချင်တယ်။ မိဘတွေအပြင် အလုပ်ခန့်မယ့် ကုမ္ပဏီတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေအပြင် အခြားသော ကျောင်းသား ဟောင်းတွေရဲ့ Comment ကို လိုချင်တဲ့အတွက် အဓိကထား လုပ်ဆောင်တာ ဖြစ်ပါတယ်။Webportal အနေနဲ့ System အနေနဲ့မလုပ်ဘဲနဲ့ တိုက်ရိုက်ချိတ်ပြီး Feedback အရင် တုန်းက email နဲ့ပဲပို့ပြီး email နဲ့ပဲလက်ခံတယ်။ အဲဒီအစား Application System ကို အသုံး ပြုမှာဖြစ်ပါတယ်။

IT Camp လိုမျိုး Event တွေကနေ ဘယ်လို အကျိုးရလဒ် ရနိုင်သလဲ။

ကျောင်းသားတွေအနေနဲ့ကတော့ ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေ ပူးပေါင်းဆောင်ရွက်နိုင်တဲ့စွမ်းရည် အဲဒါတွေ အများကြီး တိုးတက်လာပါတယ်။ ပြီးတော့ Industry ရဲ့ အမြင်တွေ ပိုသိသွားတယ်။ ဒီမှာကတော့ Aca-demic အနေနဲ့ဘဲ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေကို Push လုပ်နိုင်တာပါ။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ကတော့ Business အမြင်တွေက
ဘာတွေရှိလဲ၊ အခုလက်ရှိ Business Industry တွေ သွားနေတဲ့ နည်းပညာတွေက ဘာတွေရှိလဲဆိုတာနဲ့ ကျောင်းမှာတင်မဟုတ်ဘဲ အပြင်မှာ ဘယ်လိုအသုံးချနေလဲဆိုတာ သိသွားနိုင်တယ်လို့ ယူဆပါတယ်။ IT Camp ကတော့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ ပြုလုပ်လာတာ စတုတ္ထအကြိမ်မြောက် ရှိသွားပါပြီ။ ဒီပွဲကတော့ နည်းပညာကို စိတ်ဝင်စားတဲ့ တခြားနယ်ပယ်မှ လူတွေရော၊ နည်းပညာနယ်ပယ် အတွင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေ Professional field မှ ပညာရှင်တွေ လာရောက်ပြီး Technology အသစ်တွေကို ပြောပြပေးခဲ့သလို ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ ဆွေးနွေးဖလှယ်မှုတွေကိုပါ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အိုင်တီ နယ်ပယ်က ပညာရှင်တွေရဲ့ သူတို့ရဲ့ Knowledge တွေကို Sharing လုပ်တာတွေ၊ Discusses လုပ်ပေါ့၊ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့သူတို့ရဲ့ Business ရှုထောင့်တွေ၊ Industrial ရှုထောင့်တွေကို မြင်လာတာပေါ့ အဲလိုအတွက်ကို ရည်ရွယ်ကျင်းပတာဖြစ်ပြီး အဲလိုကျင်းပဖို့ု့ အတွက်ကို ကျောင်းသား၊ ကျောင်းသူအချင်းချင်း ပူးပေါင်းဆောင်ရွက်ရတယ်၊ Industry နဲ့ ပူးပေါင်းဆောင်ရွက်ရတယ်။ အဲဒီအလေ့အကျင့်တွေ ရရှိနိုင်ပါတယ်။

တစ်နှစ်တာ ကျောင်းပြင်ပလှုပ်ရှားမှုက အခုအခမ်းအနား အပြင် ဘာတွေရှိသေးလဲ။

အခု IT Camp တွေအပြင် Programming ပြိုင်ပွဲမှာလည်း မျိုးစုုံရှိပါတယ်။ နိုင်ငံတကာ Programming ပြိုင်ပွဲတွေရှိတယ်။ Industry နဲ့ ပူးပေါင်းပြီးတော့ ပြိုင်ပွဲတွေရှိပါတယ်။ Business Plan Content တွေရှိပါ တယ်။ Content တွေ Activity တွေကတော့ မျိုးစုံရှိပါတယ်။

နိုင်ငံခြား ကျောင်းတွေနဲ့ Exchange program တွေ ပြုလုပ်ဖို့ရှိပါသလား။

နိုင်ငံခြားကျောင်းတွေနဲ့ ချိတ်ဆက်ပြီး Double Master De-gree တွေပေးနေပါတယ်။ အဲဒါကတော့ Japan University တွေ ဂျပန်ဆို ၃၊ ၄ နှစ်လောက်ရှိသွားပါပြီ။ UCSY မှာ တစ်နှစ်တက် ဂျပန်မှာ တစ်နှစ်တက်ပြီးရင် Master Thesis ကို UCSY အပြင် ဂျပန်က Supervisor နှစ်ယောက်လာကြီးကြပ်ပြီးတော့မှ Master ဘွဲ့ကို ပေးအပ်တာဖြစ်ပါတယ်။ အဲဒီလို Double Master Degree တွေ
ကိုတော့ ကျောင်းမှာ မဟာတန်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဒီလိုဘွဲ့ ဆက်တက်ချင်လား မေးကြည့်ပါတယ်။ ဒီလို Double Master Degree တွေကိုတော့ လူဦးရေကန့် သတ်ပြီးတော့ မခေါ်ပါဘူး။ လျှောက်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ
က အရမ်းများတယ် ကျောင်းသူ၊ ကျောင်းသားတွေက အရေးကြီးတယ်။ ပြီးတော့ စည်းကမ်းလိုက်နာနိုင်တဲ့ သူ၊ သူတို့ဘက်
က Supervisor သဘောကျတဲ့သူ တွေကို ခေါ်သွားတာပါ။

ကျောင်းသားတွေအတွက် ဆောင်ရွက်ထားတဲ့ Intern pro-gram တွေရှိပါသလား။ ဘယ်အခြေအနေထိ ရောက်နေပြီလဲဆို တာကိုလည်း သိလိုပါတယ်။

ကျောင်းမှာကတော့ Inter-nship Program တွေက ရှိနေပါတယ်။ ကျောင်းပိတ်သွားတဲ့အချိန်ဆို ကျောင်းသားတွေကို လွှတ်ပါတယ်။ မနှစ်ကစပြီးတော့ Final Year Student တိုင်း Internship ၃ လ ဆင်းရတယ်။ Internship ၃ လဆင်းပြီးမှ ကွန်ပျူတာ ကျောင်းသားက ပြည်စုံသွားတာပါ။ Complexity ဖြစ်တာကတော့ ၂ နှစ်လောက်တော့ ရှိပါပြီ။

UCSY အနေနဲ့ ရှေ့ဆက်လုပ် ဆောင်မယ့် ဆောင်ရွက်ချက် တွေကိုလည်း သိပါရစေ။

UCSY အနေနဲ့ ဒီပညာသင် နှစ်တွေမှာ အဓိကထားလုပ်နေတာ Collaboration လုပ်ငန်း တွေ အဲလုပ်ငန်းတွေနေရာမှာ Industrial နဲ့ Collaboration တွေအပြင် နိုင်ငံတကာမှာရှိနေတဲ့ University တွေ Organization တွေ Search Center တွေနဲ့လည်း Collaboration တွေရှိပါတယ်။ ပြည်တွင်း တက္ကသိုလ်တွေ၊ ကုမ္ပဏီတွေနဲ့လည်း Collaboration တွေရှိပါတယ်။ အဲလို Collaboration တွေလုပ်ခြင်း အားဖြင့် ရည်ရွယ်ချက်ကတော့ သုတေသနဆိုရင် သုတေသန Qualtity တက်လာဖို့ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ ဘွဲ့ရ ကျောင်းသူ၊ ကျောင်းသားတွေ အလုပ်အကိုင် အခွင့်အလမ်းများတဲ့အပြင် သူတို့အနေနဲ့ အလုပ်အကိုင်ဝင်တဲ့အခါမှာ အဆင်သင့်ဖြစ်စေဖို့ကို ရည်ရွယ်ပါတယ်။

ကျေးဇူးတင်ပါတယ်