ရန်ကုန်အဝေးသင်တက္ကသိုလ်၏ စီးပွားရေးဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို အွန်လိုင်းမှ လျှောက်ထားရမည်

[Zawgyi]



[Unicode]

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနမှ ဦးစီးကာ Post Graduate Diploma in Business ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို တက်ရောက်လိုသူတွေ အနေနဲ့ www.udeeco.edu.mm မှတစ်ဆင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ ရက် မှစတင်ကာ အွန်လိုင်းမှ register ပြုလုပ်ရမှာဖြစ်ပါတယ်။
သင်တန်းကာလမှာ ၁၀ လ ဖြစ်ပြီး အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။ တက်ရောက်ခွင့်ရရှိသူတွေကို အီးမေးလ်ဖြင့် အကြောင်းကြားပေးမှာဖြစ်ပါတယ်။

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်ကို ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာန၊ သထုံလမ်း ဖုန်း – ၀၁-၂၃၀၅၉၃၈၊ ၀၁-၅၂၅၈၂၄ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။