ရန္ကုန္အတြင္း ဆက္သြယ္ေရး အေျခခံအေဆာက္အဦေနရာ အခက္အခဲအတြက္ ေျဖရွင္းရန္စီစဥ္

[ Zawgyi ]

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဆက္သြယ္ေရးဆိုင္ရာ အေျခခံအေဆာက္အဦ တည္ေဆာက္တဲ့ ေနရာမွာ ေတြ႔ႀကံဳရတဲ့ အခက္အခဲေတြကို ေျဖရွင္းေပးဖို႔ ေဆာင္ရြက္ေနေၾကာင္း သိရပါတယ္။

“ရန္ကုန္ၿမိဳ႕တြင္းမွာ ဖိုင္ဘာေတြတာဝါေတြ ခ်ခင္းဖို႔အတြက္ တစ္ေယာက္စီတစ္ေယာက္စီလာၿပီး ေတာင္းေနတဲ့အတြက္ လုပ္ရခက္တယ္၊ ဘယ္လိုေဆာင္ရြက္ရင္ ေကာင္းမလဲဆိုတာ အစည္းအေဝးေပါင္း ေတာ္ေတာ္မ်ားမ်ားမွာ ေဆြးေႏြးခဲ့ၿပီးပါၿပီ” လို႔ ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးစိုးသိန္းက ေျပာပါတယ္။ Open Access ေပၚလစီနဲ႔ေပးဖို႔ ေဆြးေႏြးခဲ့ၾကေၾကာင္း၊ တစ္ေနရာတည္းကို မွ်ေဝသံုးစြဲၾကရမယ့္ စနစ္ျဖစ္ေၾကာင္း သိရပါတယ္။

“ေအာ္ပေရတာ လိုင္စင္တစ္ေယာက္က တစ္ေနရာတည္းမွာ တစ္ဦးတည္းလုပ္ခြင့္ ရခဲ့မယ္ဆိုရင္မလိုအပ္ဘဲနဲ႔ ေစ်းႏႈန္းျမင့္တာလာမ်ိဳး ျဖစ္ေပၚလာႏိုင္ပါတယ္၊ တစ္ေနရာတည္းကို ႏွစ္ေယာက္သံုးေယာက္ ေတာင္းလာလို႔ရွိရင္ အဲဒီေနရာကို မွ်ေဝသံုးစြဲႏိုင္မယ္ဆိုရင္ အခက္အခဲတစ္ခု ေလ်ာ့သြားမယ္လို႔ ထင္ပါတယ္” လို႔ ေျပာပါတယ္။

-ထြန္းထြန္း

[ Unicode ]

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦ တည်ဆောက်တဲ့ နေရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။

“ရန်ကုန်မြို့တွင်းမှာ ဖိုင်ဘာတွေတာဝါတွေ ချခင်းဖို့အတွက် တစ်ယောက်စီတစ်ယောက်စီလာပြီး တောင်းနေတဲ့အတွက် လုပ်ရခက်တယ်၊ ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲဆိုတာ အစည်းအဝေးပေါင်း တော်တော်များများမှာ ဆွေးနွေးခဲ့ပြီးပါပြီ” လို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောပါတယ်။ Open Access ပေါ်လစီနဲ့ပေးဖို့ ဆွေးနွေးခဲ့ကြကြောင်း၊ တစ်နေရာတည်းကို မျှဝေသုံးစွဲကြရမယ့် စနစ်ဖြစ်ကြောင်း သိရပါတယ်။

“အော်ပရေတာ လိုင်စင်တစ်ယောက်က တစ်နေရာတည်းမှာ တစ်ဦးတည်းလုပ်ခွင့် ရခဲ့မယ်ဆိုရင်မလိုအပ်ဘဲနဲ့ စျေးနှုန်းမြင့်တာလာမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်၊ တစ်နေရာတည်းကို နှစ်ယောက်သုံးယောက် တောင်းလာလို့ရှိရင် အဲဒီနေရာကို မျှဝေသုံးစွဲနိုင်မယ်ဆိုရင် အခက်အခဲတစ်ခု လျော့သွားမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

-ထွန်းထွန်း