ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် MCPA ICT Tour 2018 ကျင်းပ

[ Zawgyi ]



-ဝေဝေ

[ Unicode ]

MCPA ICT Tour 2018 ကို ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ သြဂုတ်လ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက Progressive Web App ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးအောင်စိုးမိုးက Top 10 Technology Trends for 2018 ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း စာမေးပွဲ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မြင့်က Today Cyber Crimes ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးတင်မောင်မောင်ယဉ်က Creating WebVR Using A-Frame ခေါင်းစဉ်များဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ပါတယ်။